တိုင်းရင်းသားများအနေဖြင့် ကန့်ကွက်ကြရမည့် မြစ်ဆုံ

ပိုးစုန်းကြူး

ဒီတစ်ခေါက်တော့ ပြီးခဲ့သည့် ၂၄ ဧပြီ ၂၀၂၄ က ပြန်လည်ဖော်ဆောင်လာသည့် မြစ်ဆုံစီမံကိန်းအကြောင်း ရေးလိုပါတယ်။ ဒီစီမံကိန်းက လွန်ခဲ့တဲ့ ၂၀၀၆ အစောပိုင်းတွင် တရုတ်နိုင်ငံတွင် ကျင်းပသည့် China – Asean Exposition Summit မှာ ဝန်ကြီးချုပ် ဦးစိုးဝင်း၏ ခရီးစဥ်၌ CPI ( China Power Investment) အဖွဲ့နှင့်တွေ့ဆုံကာ December လတွင် CPI ဥက္ကဋ္ဌကိုယ်တိုင် နေပြည်တော်သို့ လာရောက်တွေ့ဆုံပြီး ကနဦးအဆင့် နားလည်မှုစာချွန်လွာ MOU ပထမအဆင့်ကို (လျှပ်စစ်အကောင်အထည်ဖော်ရေးဌာန ညွန်ချုပ်)  ဦး​အောင်ရွေ နှင့် စာချုပ်လက်မှတ်ရေးထိုးခဲ့ကြသည်။

ဒုတိယအကြိမ် စာချုပ်ကို ပေကျင်းမြို့ (ဒုသမ္မတ ) ရှိကျင့်ဖျင် နှင့် (ဒုတိယဗိုလ်ချုပ်မှုး) ဦးမောင်အေး တို့၏ ရှေ့မှောက်တွင် တရုတ်နိုင်ငံဆိုင်ရာမြန်မာ သံအမှတ် ဦးသိန်းလွင် နှင့် CPI ဥက္ကဌတို့ လက်မှတ်ရေးထိုးခဲ့ကြပြီး 7နှစ်အတွင်း အပြီးသတ်ရမည်ဖြစ်သည်။ (စာချုပ်ပါ အသေးစိတ်ကို အခုချိန်ထိ မသိရသေးပေ) ထိုအချိန်က အတွင်းရေးမှူး ၁ ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး၊ (အာဏာသိမ်းခေါင်းဆောင်) မင်းအောင်လှိုင် ၊ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း တို့လိုက်ပါခဲ့ကြပါသည်။

တိုတိုရေးကြပါစို့။ သမ္မတဦးသိန်းစိန် နှင့် ပြည်သူ့အစိုးရတို့ လက်ထက်တွင် အချို့သောပြည်သူများ၏ ကန့်ကွက်ဆန္ဒပြမှုကြောင့် Project ကို ခေတ္တနားခဲ့ရသည်။ ယခုတွင်မူ လျှပ်စစ်စီမံ ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်သည်မှာ စိုးရိမ်ဖွယ်ရာ အနေထားဖြစ်ပါသည်။

စိုးရိမ်ရသည့် အဖြစ်ပျက်များအား ဖော်ပြပေးရမည်ဆိုလျှင် ယခုproject ကို ကောင်ထည်ဖော်ပါက သုတေသီများ၏ ပြောကြားချက်အရ ေရကာတာအမြင့်ပေ ၅၀၀ တည်ဆောက်ရမည် ဖြစ်သည့်အတွက် ရေပြင်အကျယ်သည် စင်္ကါပူနိုင်ငံ နှစ်ဆလောက်ကျယ်ဝန်းမည်ဖြစ်သည်။ ထိုအဝန်းအတွင်းရှိ သဘာဝသယံဇာတ နှင့် သစ်တော၊ တိရစ္ဆာန်များပါ မျိုးသုန်းပျောက်ကွယ်သွား၍ ကျေးရွာအချို့ပါ ပြောင်းရွေ့ရမည်ဖြစ်သည်။ ရေလှောင်နေသည့် အချိန်တွင်လည်း ရေချိုမျက်နှာပြင် နှိမ့်ကျမည်ဖြစ်ပြီး ပင်လယ်ဆားငံရေများသည်လည်း မြစ်ဆုံအနီးတစ်ဝှိုက်ထိ တက်လာမည်ဖြစ်သည်။ ထို့ကြောင့် ဧရာဝတီမြစ်ကြောတစ်လျှောက် စပါးဧကပေါင်းများစွာ ပျက်စီးမည်သာမကဘဲ ရေချိုငါးများ ကမ္ဘာ့တစ်ခုတည်းသော ရေချိုလင်းပိုင်များလည်း မျိုးတုန်းပျောက်ကွယ်ပါလိမ့်မည်။ အဆိုးဆုံးမှာ တစ်နိုင်ငံလုံးရှိ ရေချိုတွင်းရေများပါ ရေငံအဖြစ်သို့ ပြောင်လဲသွားနိုင်ပါသည်။ ဂေဟစနစ်အပြောင်းအလဲများကြောင့်လည်း လူဦးရေအတော်များများ သေဆုံးကြရမည်ဖြစ်သည်။

သဘာဝဘေးအန္တရာယ်ကြောင့် ရေကာတာကျိုးပျက်ပါက မြစ်ကြီးနားအပါအဝင် ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် ရေလွမ်းမိုးကာ ပျက်စီးဦးမည်ဖြစ်သည်။ ဆိုတော့ အဲ့လောက်များလှသော အကျိုးအတွက် ကျွန်တော်တို့ ဘာတွေပြန်ရနိုင်မည် ဆိုတာကြည့်ကြပါစို့။

မြစ်ဆုံမှ ရေအားလျှပ်စစ် မီဂ္ဂါဝပ် ၂၀၀၀၀ ထွက်ရှိမည်ဖြစ်ပြီး အားလုံး၏ ၇၅% ကို CPI ၊ ၁၀% ကို အစိုးရ၊ နောက် ၁၀% ကို share ရောင်း၍ ကျန် ၅% ကို Asia world Company က အသီးသီးခွဲဝေရမည်ဖြစ်သည်။ ဆိုတော့က ပြည်သူများအတွက် အလွန်ဆုံးရမှ မီဂ္ဂါဝပ် 2000 သာရမည်ဖြစ်သည်။( မြန်မာနိုင်ငံအတွက် လျှပ်စစ်လိုအပ်မှုမှာ မီဂ္ဂါဝပ် တစ်သောင်းလေးထောင်ဖြစ်သည်။) ထိုမျှလိုအပ်ချက်ရှိသော လျှပ်စစ်ကို ပြည်သူ့အစိုးရက မြစ်ဆုံမထိဘဲ ဖြေရှင်းပေးသည်ကိုထောက်လျှင် ယခုအာဏာသိမ်းအစိုးရပေးသည့် လျှပ်စစ်လိုအပ်မှုကြောင့်ပြန်လည်အကောင်အထည်ဖော်ရသည် ဆို့သည့် အကြောင်းပြချက်အား မဖြစ်နိုင်ပေ။ အာဏာရှင်လူတစ်စု၏ လောဘအတွက် ကျွန်တော်တို့ မပေးဆပ်လို။

တရုတ်အနေဖြင့် ၂၀၁၀ နောက်ပိုင်း စွမ်းအင်လိုအပ်မှု တိုးလာသည်သာမကဘဲ ကမ္ဘာ့နိုင်ငံရေး အရှုပ်အထွေးများကြောင့်လည်း ကျောက်မီးသွေး၊ ရေနံစသော စွမ်းအင်များထက် ပြည့်ဖြိုးမြဲစွမ်းအင်ကို ပိုမိုလိုလား ဦးတည်လာသည်မှာ ယုံမှားဖွယ်မရှိပေ။ မဲခေါင် – လန်ချန် Cooporation တွင်လည်း ဒေသအတွင်းဖွံ့ဖြိုးတိုးတက်ရေးကို အရေခြုံကာ မဲခေါင်မြစ်ပေါ်မှ ရေအားလျှပ်စစ်ရရှိရေးနှင့် Trade war နောက်ပိုင်း တရုတ်၏ power တိုးလာရေးကို အဓိကဆောင်ရွက်နေသည် ဆိုသည်မှာ ဖြစ်လာတဲ့ အကျိုးအကြောင်းတွေ ချင့်ချိန်ရင် တွေ့လာနိုင်ပါတယ်။( မဲခေါင် – လန်ချန် အကြောင်းကို နောက်ပိုင်းတွင် ပြန်လည်ရေးသားမည်။ )

စကစအနေဖြင့်လည်း အသက်ရှုချောင်ပေါက် အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တရုတ်အားမြှားဦးလှည့်ပေးခြင်းဖြစ်သည်။ သို့သော် စာချုပ်၏ တစ်စိတ်တစ်ပိုင်း သိရှိချက်များအရ မမျှော်မှန်းထားသော အခြေနေတွင် Project အားရပ်ရမည်ဖြစ်သည်။ ဥပမာ သဘာဝဘေးအန္တရာယ် ၊ ကမ္ဘာ့လုပ်သမားတွေ ဆန္ဒပြလို့ အလုပ်ရပ်သွားတာတို့ပေါ့။ ထိုဟာကွက်ကို အသုံးချ၍ တိုင်းရင်းသားအားလုံး ကန်ကွက်ဆန္ဒပြသင့်ပါသည်။

ဆိုရသော် ကျွန်တော်တို့သည် ကချင်များနှင့် ညီနှောင်များဖြစ်သည် ဆိုသော သမိုင်းများအလျှောက် ကျွန်တော်တို့၏ ညီအစ်ကို များသာမက ကျွန်တော်တို့ အပါအဝင်မြန်မာပြည်၏ ဒုက္ခရောက်မည့် အနေအထားတွင် အခြားတိုင်းရင်သားများထက် ပိုမိုတက်ကြွရန်လိုအပ်ပါသည်။

အချုပ်အားဖြင့်ဆိုသော် ရုပ်မာရက်စက်ကြမ်းကြုတ်သော အာဏာရှင်များ၏ လောဘအတွက်  တိုင်းပြည်ပျက်စီးရေးကို ဆန့်ကျင်ရန်မှာ ကျွန်တော်တို့မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး၏ တာဝန်ပင်ဖြစ်သည်။ ထို့ကြောင့် စစ်ပန်းနေသော ညီအစ်ကို တော်လှန်ရေးသမားများ ကိုမဆိုလိုသေး ပြည်ပရောက်မြန်မာနိုင်ငံ သူ/သားများ၏ ဝိုင်းဝန်းဆန္ဒပြကန့်ကွက်ရှုတ်ချ ဖို့လည်းလိုအပ်နေပါကြောင်း။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်