တိုင်း နဲ့ ပြည်နယ် ယူ-၁၂ ယှဉ်ပြိုင်ဖို့ မင်းတပ်ခရိုင်မှ ကစားသမားများ ရန်ကုန်သို့ဒီကနေ့ထွက်ခွ

၂၀၁၉၊ အောက်တိုဘာ (၁၆)
တိုင်းနဲ့ ပြည်နယ် အသက် (၁၂)နှစ်အောက် ဘောလုံးယှဉ်ပြိုင်ဖို့ မင်းတပ်ခရိုင်မှရွေးချယ်ထားတဲ့ ကစားသမား (၁၆)ဦးတို့ဟာ ဒီနေ့မင်းတပ်ကနေ ရန်ကုန်မြို့သို့ထွက်ခွာကြပါတယ်။

မနှစ်တုန်းက ချင်းပြည်နယ်ကိုယ်စား ယူ-၁၂ သွားရောက်ယှဉ်ပြိုင်တဲ့ မင်းတပ်မြို့နယ်မှ ကစားသမားများဟာ ဆီမီးဖိုင်နယ်တွင် ပယ်နယ်တီနဲ့ မကွေးတိုင်းအသင်းကိုရှုံးသဖြင့် တတိယဆုသာရရှိကြပါတယ်။

မင်းတပ်မြို့တွင် ချင်းပြည်နယ် ယူ-၁၂ အသင်းသားများ လေ့ကျင့်နေကြစဉ်

မင်းတပ်မြို့နယ် အားကာမှူး ဦးတမ်မန်းက “ပြီးခဲ့တဲ့နှစ်က အတွေ့အကြုံနည်းသေးလို့ ပယ်နယ်တီနဲ့ရှုံးသွားတယ်။ ဒီနှစ်တော့ မနှစ်က ကောင်းတဲ့ကလေးတွေများအားဖြစ်ပါတယ်။ ဖလားရမယ်လို့လည်းမှန်းထားတယ်။ ဘာဖြစ်လို့လဲဆိုရင် ပြင်ဆင်ထားတာလည်း နည်းနည်းရှိတယ်လေ” လို့ပြောပါတယ်။

ချင်းပြည်နယ် ယူ-၁၂ အသင်းတွင် မင်းတပ်မြို့နယ်မှ ၁၀ ယောက်၊ မတူပီမြို့နယ်မှ ၆ ယောက်ပါဝင်ပါတယ်။ ကန်ပက်လက်မြို့နယ်မှ ဂိုးသမားရွေးချယ်ခဲ့ပေမယ့်မလိုက်နိုင်ခဲ့ပါတယ်။ လူရွေးချယ်ပွဲတွင် ပလက်ဝမြို့နယ်မှ ၄ ယောက်အရွေးခံပေမယ့် တစ်ယောက်မှရွေးချယ်မခံရပါ။

Zalen ad
ချင်းပြည်နယ် ကိုယ်စားပြု ယူ-၁၂ အသင်း

တိုင်း နဲ့ ပြည်နယ် ယူ-၁၂ ဘောလုံးပွဲကို အောက်တိုဘာ (၂၀)ရက်တွင် စတင်ကစားကြမှာဖြစ်ပါတယ်။ မနှစ်တုန်းက ချင်းပြည်နယ် ယူ-၁၂ အသင်းထဲမှ ကစားသမား ၂ ယောက်ကို ဘောလုံးအကယ်ဒမီကျောင်းတက်ရန် ရွေးချယ်ခဲ့ပေမယ့် နယ်ဝေးသို့မသွားလိုသဖြင့် ဘောလုံးအကယ်ဒမီကျောင်းသို့မတက်ဖြစ်ကြပါ။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်