တီးတိန်မြို့နယ်တွင် ပညာရေးအဆောက်အအုံ (၅)လုံးနဲ့ နေအိမ်တစ်လုံးမီးလောင်ပျက်ဆီး

၂၀၁၉၊ အောက်တိုဘာ (၁၂)
တီးတိန်မြို့နယ် တုန်းဇန်ကျေးရွာတွင် ယမန်နေ့ ည (၁၁း၄၅)အချိန်က စပြီး အ.ထ.က(ခွဲ)ကျောင်းဆောင် တစ်ဆောင်၊ ဝန်ထမ်းအိမ်ရာ (၅)လုံးနဲ့ ကျောင်းအနီးရှိ လူနေအိမ်တစ်လုံး မီးလောင်ပျက်ဆီးသွားတယ်လို့ သတင်းရရှိပါတယ်။

လူနေအိမ်တစ်လုံးက မီးမကူးအောင် ကြိုတင်ဖျက်ဆီးလိုက်တာပါ။

တုန်းဇန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခမ်လျန်ဟောင်က “မီးလောင်တဲ့ထဲမှာ ကျောင်းစာရွက်စာတမ်းတွေအကုန်လုံးမီးထဲပါသွားတယ်။ ရွာသားတွေက ကျောင်းရှေ့ကရေပိုက်နဲ့ မီးငြိမ်းပေမယ့် ဘာမှမထူးဘူး။ လူအသေအပျောက်နဲ့ ဒဏ်ရာရတာတော့မရှိဘူး” လို့ပြောပါတယ်။

မီးမလောင်ခင်က တုန်းဇန် အ.ထ.က(ခွဲ)ကျောင်းအားတွေ့ရစဉ်

နံကပ်တိုက် ကျောင်းဆောင်တစ်လုံးနဲ့ ဝန်ထမ်းအိမ်ရာ ၄ လုံးကတော့ မီးမလောင်ပဲ ကျန်ရှိပါသေးတယ်။ ဝန်ထမ်းအိမ်ရာတွင် ဆရာ၊မ ၄ ယောက်အိမ်မပြန်သေးဘဲ နေထိုင်ကြပါတယ်။

Zalen ad

တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဂိုဆွမ်ခိုင်က “ ကျောင်းဆရာမ အိမ်ကနေ မီးစလောင်တယ်လို့ပြောတယ်။ ဘာကြောင့်လောင်တယ်ဆိုတာတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့က အသေးစိတ်သွားရောက်စစ်ဆေးရအုံမယ်။ ဒီနေ့ ပညာရေးမှူးနဲ့ သွားဖို့ရှိတယ်။ ကျောင်းပြန်ဖွင့်ရင်တော့ အနီးဆုံး ဘုရားရှိခိုးကျောင်းတွေနဲ့ မူလတန်းကျောင်းဆောင်သစ်တစ်ခုရှိတယ်အဲ့မှာ ကလေးတွေစာသင်မယ်။ လိုအပ်တဲ့ ပရိဘောဂပစ္စည်းတွေကတော့ တွီးထန်နဲ့ တုန်းဇန်ရွာကလူတွေစီစဉ်ဖို့ဆုံးဖြတ်ထားတယ်” လို့ပြောပါတယ်။

တုန်းဇန်ကျေးရွာ အ.ထ.က(ခွဲ)ကျောင်းတွင် ကျောင်းသူ၊သား ၄၀၀ ကျော်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်