တီးတိန်မြို့အဝင်မှာ ခြုံခိုပစ်ခတ်ခံရလို့ ဒဏ်ရာရရှိတဲ့ ဒုရဲအုပ် သေဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့ မြို့မရဲစခန်းမှ ဒုရဲအုပ် သန်းလင်းဦး (၃၇ နှစ်) ဟာ အဖွဲ့လိုက်ကင်းလှည့်နေစဉ် တီးတိန်မြို့အဝင်မှာ PDF တွေရဲ့ ခြုံခိုပစ်ခတ်ခံရလို့ ဒဏ်ရာ ၃ ချက်ရရှိပြီး ဒီနေ့ စက်တင်ဘာ ၅ ရက်တွင် သေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ တီးတိန်မြို့ မြို့မ စခန်းမှူးဦးဆောင်ပြီး စက်တင်ဘာ ၄ ရက် မနက် ၁၁ နာရီအချိန်တွင် အိမ်စီးကားနဲ့ ရဲကား ၃စီးနဲ့ ကင်းလှည့်နေစဉ် မြို့အဝင်ဆိုင်းဘုတ်အနီးမှာ PDF တပ်ဖွဲ့ကပစ်ခတ်လို့ ဒုရဲအုပ် သန်းလင်းဦးတွင် ကျည်ဆံ (၃)ချက် ရှပ်ထိဒဏ်ရာရရှိတယ်လို့ ရဲကြေးနန်းအရသိရပါတယ်။

ဒုရဲအုပ် သန်းလင်းဦးဟာ ယာဘက်ပခုံးမှာ ရှပ်ထိဒဏ်ရာ (၂)ချက်၊ ဘယ်ဘက်ချိုင်းအောက်တွင် ရှပ်ထိဒဏ်ရာ ၁ ချက်ရရှိကာ ဒဏ်ရာကို နယ်မြေခံ ခလရ (၂၆၉)တပ်က ဆေးအရာခံဗိုလ်နဲ့ ဆေးတပ်သားတွေက ရဲစခန်းမှာကုသကြပါတယ်။

ဒီမနက် စက်တင်ဘာ ၅ ရက်တွင် တီးတိန်မှ ကလေးမြို့သို့ဆေးကုသဖို့ သယ်ဆောင်စဉ် လမ်းတဝက်အရောက် သိုင်းငင်းရွာမှာ သေဆုံးသွားတယ်လို့သိရတယ်။

ဒုရဲအုပ်သန်းလင်းဦးမောင်းနှင့်တဲ့ ရဲကားရှေ့မှန်ကျည်ဖောက်ဝင် (၂)ချက်၊ ဘေးတံခါးပေါက်မှ ကျည်ဖောက်ဝင် (၂)ချက်ပစ်ခတ်ခံရပါတယ်။

(Zawgyi)

တီးတိန္ၿမိဳ႕အဝင္မွာ ျခဳံခိုပစ္ခတ္ခံရလို႔ ဒဏ္ရာရရွိတဲ့ ဒုရဲအုပ္ ေသဆံုး

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ သန္းလင္းဦး (၃၇ ႏွစ္) ဟာ အဖြဲ႔လိုက္ကင္းလွည့္ေနစဥ္ တီးတိန္ၿမိဳ႕အဝင္မွာ PDF ေတြရဲ႕ ျခံုခိုပစ္ခတ္ခံရလို႔ ဒဏ္ရာ ၃ ခ်က္ရရွိၿပီး ဒီေန႔ စက္တင္ဘာ ၅ ရက္တြင္ ေသဆံုးသြားတယ္လို႔သတင္းရရွိပါတယ္။

ျဖစ္စဥ္မွာ တီးတိန္ၿမိဳ႕ ၿမိဳ႕မ စခန္းမႉးဦးေဆာင္ၿပီး စက္တင္ဘာ ၄ ရက္ မနက္ ၁၁ နာရီအခ်ိန္တြင္ အိမ္စီးကားနဲ႔ ရဲကား ၃စီးနဲ႔ ကင္းလွည့္ေနစဥ္ ၿမိဳ႕အဝင္ဆိုင္းဘုတ္အနီးမွာ PDF တပ္ဖြဲ႕ကပစ္ခတ္လို႔ ဒုရဲအုပ္ သန္းလင္းဦးတြင္ က်ည္ဆံ (၃)ခ်က္ ရွပ္ထိဒဏ္ရာရရွိတယ္လို႔ ရဲေၾကးနန္းအရသိရပါတယ္။

ဒုရဲအုပ္ သန္းလင္းဦးဟာ ယာဘက္ပခုံးမွာ ရွပ္ထိဒဏ္ရာ (၂)ခ်က္၊ ဘယ္ဘက္ခ်ိဳင္းေအာက္တြင္ ရွပ္ထိဒဏ္ရာ ၁ ခ်က္ရရွိကာ ဒဏ္ရာကို နယ္ေျမခံ ခလရ (၂၆၉)တပ္က ေဆးအရာခံဗိုလ္နဲ႔ ေဆးတပ္သားေတြက ရဲစခန္းမွာကုသၾကပါတယ္။

ဒီမနက္ စက္တင္ဘာ ၅ ရက္တြင္ တီးတိန္မွ ကေလးၿမိဳ႕သို႔ေဆးကုသဖုိ႔ သယ္ေဆာင္စဥ္ လမ္းတဝက္အေရာက္ သိုင္းငင္းရြာမွာ ေသဆံုးသြားတယ္လို႔သိရတယ္။

ဒုရဲအုပ္သန္းလင္းဦးေမာင္းႏွင့္တဲ့ ရဲကားေရွ႕မွန္က်ည္ေဖာက္ဝင္ (၂)ခ်က္၊ ေဘးတံခါးေပါက္မွ က်ည္ေဖာက္ဝင္ (၂)ခ်က္ပစ္ခတ္ခံရပါတယ္။

နောက်ဆုံးရသတင်းများ

အိန္ဒိယဗဟိုအစိုးရက ပလက်ဝနဲ့ စစ်တွေအထိလျှပ်စစ်မီးပေးဖို့ဆန္ဒရှိနေ

၁၄၊ စက်တင်ဘာလ၊ ၂၀၂၄ Zalen အိန္ဒိယနိုင်ငံ၊ ဗဟိုအစိုးရက ချင်းပြည်နယ်၊ ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ် စစ်တွေအထိ လျှပ်စစ်ဓာတ်အား ပေးဖို့ဆန္ဒရှိနေပြီး မီဇိုရမ်ပြည်နယ်အစိုးရက ပူးပေါင်းဆောင်ရွက်ပေးရန်ဖိတ်ခေါ်ခဲ့တယ်လို့သိရပါတယ်။။ စက်တင်ဘာလ ၁၂ ရက်နေ့မှာ အိန္ဒိယဗဟိုအစိုးရ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ တွဲဖက်အတွင်းရေးမှူး ...

ဆက်ဖတ်ရန်