ထန်တလန်မြို့နယ်တွင် အိမ်ရှင်မရှိစဉ်အိမ် ၁လုံးမီးလောင်ပြီး ၁လုံးပျက်ဆီး

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် Vanzang ကျေးရွာတွင် ဒီနေ့ ဇူလိုင် ၂၉ ရက် မနက် ၃း၅၀ အချိန်တွင် အိမ်ရှင်မိသားစုတို့မရှိစဉ် အိမ် ၁ လုံးမီးလောင်ပြီး ၁ လုံးအနည်းငယ်ပျက်ဆီးသွားတယ်လို့သတင်းရရှိပါတယ်။

မီးလောင်သွားတဲ့ အိမ်ဟာ ဦးထောင်အုပ်ကျူံးရဲ့အိမ်ဖြစ်ပြီး ၎င်းတို့လင်မယားဟာ ညက တောင်ယာတဲတွင် တောင်ယာလုပ်ရင်းအိပ်ကြပါတယ်။

ရွာသားတစ်ဦးက “အိမ်ရှင်သားသမီးတွေလည်း သူတို့အဘိုးတို့အိမ်မှာအိပ်ကြတယ်။ အိမ်ထဲက ပစ္စည်းတွေအကုန်လုံးမီးထဲပါသွားတယ်။ ဘာကြောင့် မီးလောင်တာလဲဆိုတာတော့ မသိရဘူး။ ထင်တာကတော့ ဝက်စာချက်တဲ့မီးကနေ စလောင်တယ်လို့ပဲယူဆတယ်” လို့ပြောပါတယ်။

(Zawgyi)


မီးလောင်သွားတဲ့ အိမ်ဟာ ဦးထောင်အုပ်ကျူံးရဲ့အိမ်ဖြစ်ပြီး ၄င်းတို့လင်မယားဟာ ညက တောင်ယာတဲတွင် တောင်ယာလုပ်ရင်းအိပ်ကြပါတယ်။


နောက်ဆုံးရသတင်းများ

ကနေဒီတောင် တပ်စခန်းကို ချင်းလဲန်းကောင်စီတပ်ဖွဲ့ PDA အဖွဲ့ ထိန်းချုပ်ထား

၂၂၊ ဇွန်၊  ၂၀၂၄ Zalen ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကနေဒီတောင်ပေါ်က စစ်ကောင်စီတပ်စွဲထားခြင်းမရှိတဲ့ စခန်းကို ဇွန်လ ၂၂ ရက်နေ့မှာ ချင်းလဲန်း ကောင်စီတပ်ဖွဲ့ ပြည်သူ့ကာကွယ်‌ရေးတပ်မတော် (People Defence Army) အဖွဲ့က ဝင်ရောက်ထိန်းချုပ်ထားတယ်လို့ ...

ဆက်ဖတ်ရန်