ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅

Zalen

အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း စာသင်ကျောင်းများအားလုံးကို ပိတ်ထားကြရန်အသိပေးတယ်လို့ ထုတ်ပြန်ထားတာ ပါ။

Zalen ad

အကြမ်းဖက်စစ်တပ်ဟာ ယခုရက်ပိုင်းအတွင်း နိုင်ငံအနှံ့ စာသင်ကျောင်းနဲ့ အများပြည်သူနေအိမ်များကို လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်လုပ်ဆောင်နေပြီး ထန်တလန်မြို့နယ်ထဲကိုလည်း ကင်းထောက် လေယာဉ်များမကြာခဏလွှတ်လာတယ်လို့ဒေသခံများထံကသိရပါတယ်။

“ပြီးခဲ့တဲ့ အပတ်လောက်ကနေစပြီးတော့ နေ့စဉ်နီးပါး ကင်းထောက်လေယာဉ်လာပြီးတော့ ကင်းထောက်တာ အမြဲလုပ်တယ်။ အခုထိတော့ထန်တလန်မြို့နယ်ထဲကြဲတာတော့မရှိသေးပေမယ့် သတိထားရတယ်။ စကစက ညသန်းခေါင်လည်းမရွေး ဘယ်အချိန်ကြဲမလဲမသိတော့ ကောင်းကောင်းတောင်အိပ်လို့မပျော်နိုင်ဘူး။ ကျောင်း တွေတော့ ပိတ်ခိုင်းထားတယ်။” လို့ ထန်တလန်မြို့နယ်အတွင်းရှိကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးကပြောပါ တယ်။

အကြမ်းဖက်စစ်တပ်ဟာပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်မှာ ဟားခါးမြို့နယ်၊ ဗန်ဟာကျေးရွာရှိစာသင်ကျောင်း ကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၈ နှစ်အရွယ်ကျောင်းသား တစ်ဦး နဲ့ အသက် ၁၂ နှစ်အရွယ် ကျောင်းသူတစ်ဦးတို့သေဆုံးခဲ့ကြတဲ့အပြင် ဆရာ/မ ၆ ဦးနဲ့ကျောင်းသား ၁၅ ဦး အားလုံးပေါင်း ၂၁ ဦးဒဏ်ရာရခဲ့ ကြပါတယ်။

သတင်း – Mickey

ပုံအညွှန်း – ထန်တလန်မြို့နယ်ထဲက စာသင်ကျောင်းတစ်ကျောင်းမှကျောင်းသားများအားတွေ့ရစဉ်

ဓါတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်