ဒလန်သတင်းပေးကြောင့် နှမ်းခါးကျေးရွာကို ရဟတ်ယာဉ် ၆ စီးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး ရွာသားအများအပြားဖမ်းဆီးခံရ

ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို စစ်ရဟတ်ယာဉ် ၆ စီးနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေက ဝေဟင်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ပြည်သူအချို့သေဆုံးပြီး ရွာသားအားလုံး ထွက်ပြေးတိမ်းရှောင်ကြတယ်လို့သတင်းရရှိပါတယ်။

ကလေး-ဂန့်ဂေါကားလမ်းမပေါ်မှာရှိတဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာကို ဒီဇင်ဘာလ (၁၇) ရက်နေ့လည် ၁ နာရီကျော်လောက်မှာ စစ်ရဟတ်ယာဉ် ၁ စီးနဲ့ ပျံဝဲလာပြီး ရွာထဲကို စက်သေနတ်နဲ့ လက်နက်ကြီးတွေနဲ့ တစ်နာရီကြာလာရောက်ပစ်ခတ်ကြပါတယ်။ ပြီးနောက် အခြား ရဟတ်ယာဉ် ၅ စီးက ရွာသားတွေရွာပြင်မထွက်နိုင်အောင် စစ်သားအင်အား ၁၀၀ လောက်ချပြီးပိတ်ဆို့ကာ ဖမ်းဆီးထိန်းသိမ်းသွားပါတယ်။

ဒါကြောင့် ရွာသားအချို့သေဆုံးပေမယ့် ဒီနေ့ထိ အတည်ပြုလို့မရသေးပါ။ စစ်တပ်ရဟတ်ယာဉ်တွေဟာ နှမ်းခါးရွာက ခန်းမနှင့်စာသင်ကျောင်းအပါအဝင် နေရာအတော်များများပို စက်သေနတ်၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ပျက်စီးသွားပါတယ်။

မနက်ပိုင်းမှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စစ်ရဟတ်ယာဉ် ၅ စီးပျံတက်သွားကာ ကလေးမြို့တောင်ပိုင်း နတ်ချောင်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကိုတင်ဆောင်ပြီး တခြားရဟတ်ယာဉ် ၃ စီးက နှမ်းခါးကျေးရွာကိုပစ်ခတ်သွားတာဖြစ်ပါတယ်။

အခုလို ပစ်ခတ်တာဟာ ဒလန်ပေးပို့တဲ့ သတင်းအတိအကျရရှိလို့ပစ်ခတ်တာလို့ စစ်ကောင်စီဝါဒဖြန့် MRTV က ညနေပိုင်းမှာကြေညာသွားပါတယ်။ နှမ်းခါးရွာထဲကို စစ်ကောင်စီတပ်သားတွေနဲ့အတူ ရွာဘေးနားက ဟံသာဝတီနဲ့ မြောက်ခင်ရန်းရွာက ပျူစောထီးတွေ ကား ၄ စီးနဲ့ရောက်လာကာ အိမ်ထဲကအဖိုးတန်ပစ္စည်းတွေ၊ ဆိုင်ကယ်တွေခိုးယူပြီး လယ်ထဲက စပါးခင်းတွေကို ရိတ်ခြွေပြီးယူဆောင်သွားကြတယ်လို့ PDF-Gangaw က ဒီကနေ့ထုတ်ပြန်ထားပါတယ်။

နှမ်းခါးရွာဟာ အရင်လတွေကလည်း အာဏာသိမ်းစစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးခံရလို့ လူနေအိမ် ၆၀ ဝန်းကျင် ဆုံးရှုံးသွားပါတယ်။

Zawgyi








နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်