ဒီနေ့ကစပြီး ကလေး-ဂန့်ဂေါကြားရထား နှစ်စီးနဲ့ပုံမှန်စတင်ပြေးဆွဲ

၂၀၁၅ သဘာဝဘေးဒဏ်ကြောင့် ရပ်ဆိုင်းထားတဲ့ ကလေး-ဂန့်ဂေါကြားရထားဟာ ဒီနေ့ ဇူလိုင်(၂၁)ကနေစပြီး ရထားနှစ်စီးနဲ့ပုံပြန်ပြေးဆွဲပြီ။

ဂန့်ဂေါဘူတာရုံမှူးက “ကလေးနဲ့ နတ်ချောင်းကြားက ရထားလမ်းတံတားပျက်စီးသွားတာ ပြန်ပြင်လိုက်ပြီ။ ဇူလိုင်(၁၁)ရက်မှာ ရထားတစ်စီးနဲ့ အစမ်းပြေးဆွဲတယ်။ အခုတော့ ကလေးဘက်ကနေ အစုန်၊ ဂန့်ဂေါဘက်ကနေ အဆန် ရထားနှစ်စီးနဲ့ပုံမှန်ပြေးဆွဲနေပြီ”လို့ပြောပါတယ်။

ရထားလက်မှတ်ခ ကတစ်ဦးလျှင် ကျပ်(၁၁၅၀)ဖြစ်ပါတယ်။ ရထားဟာ ကလေးဘူတာကနေ နံနက် (၆း၃၀)က စတင်ထွက်ခွာပြီး ဂန့်ဂေါဘက်ကနေ နံနက်(ရး၃၀)တွင် စတင်ထွက်ခွာလာပါတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်