နိုင်ဂျီရီးယားနိုင်ငံတွင် ၄ လအတွင်း ခရစ်ယာန်ဘာသာဝင် ၁၅၀၀ ကျော် အသတ်ခံရ

အာဖရိကတိုက်၊ နိုင်ဂျီးရီးယားနိုင်ငံတွင် ၂၀၂၁ ခုနှစ် ပထမလေးလအတွင်း အစ္စလာမ်မစ်ဂျီဟတ်ဝါဒီများက ခရစ်ယာန်ဘာသာဝင် ၁,၄၇၀ ကိုသတ်ဖြတ်ခဲ့တယ်လို့ Christian Today က မေ (၁၆)ရက်ကဖော်ပြထားပါတယ်။

သတ်ဖြတ်မှုအများဆုံးဖြစ်တဲ့နေရာမှာ နိုင်ဂျီးရီးယားမြောက်ပိုင်းကာဒူနာပြည်နယ်တွင်ဖြစ်ပြီးလူ ၃၀၀ ဦး သေဆုံးခဲ့တယ်။

ဒါ့ပြင် ခရစ်ယာန်ဘာသာဝင် ၂၂၀၀ ဦးလည်း ပြန်ပေးဆွဲခံရတယ်လို့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးလွတ်လပ်ခွင့်နှင့်တရားဥပဒေစိုးမိုးရေးအဖွဲ့ရဲ့အစီရင်ခံစာမှာဖော်ပြထားတယ်။

Zalen ad

ပြန်ပေးဆွဲခံရသူများထဲတွင်လယ်သမားများ၊ ခရီးသွားများနဲ့ ကျေးလက်နေလူထုများပါဝင်ပါတယ်။ ပြန်ပေးဆွဲခံထားရသောခရစ်ယာန်အနည်းဆုံး ၂၂ ဟာ ဖမ်းဆီးသူများကြောင့်သေဆုံး ဒါမှမဟုတ် အသတ်ခံရကြရတယ်။

Katsina ပြည်နယ်တွင်အစီရင်ခံစာတွင်“ အသက်မပြည့်သေးသောခရစ်ယာန်မိန်းကလေးများသည်မွတ်စ်လင်အမျိုးသားများနှင့်အတင်းအဓမ္မလက်ထပ်ပြီးအစ္စလာမ်ဘာသာသို့ကူးပြောင်းသွားသည်” လို့ဖော်ပြထားတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်