ပလက်ဝမှာ မိုင်းထိလို့မျက်နှာတစ်ခုလုံးပျက်စီး၊ ဆေးကုသရေးအတွက်အကူအညီလိုအပ်

ပလက်ဝမြို့နယ် အနောက်ပိုင်း ရပ်ချောင်းရွာမှာ အောက်တိုဘာ(၂၉)ရက်နံနက်ပိုင်းက ဟင်းရှာပြီးအပြန်လမ်းမျာမိုင်းထိလို့ (၃၅)နှစ်အရွယ် ဦးဟွေ့တန်းဟာ မျက်နှာတစ်ခုလုံးပျက်စီးပြီး အပြင်းအထန်ဒဏ်ရာရရှိတယ်လို့သတင်းရရှိပါတယ်။

ပလက်ဝမြို့မှလူငယ်တစ်ယောက်ဖြစ်တဲ့ အိုက်ခင်က “လူနာအခြေအနေကတော့ အသည်းအသန်ဖြစ်နေတယ်။ ဒီကဆေးရုံကဆရာဝန်တွေကတော့ စစ်တွေကိုလွှတ်နေတယ်။ ဒီမနက်ပိုင်းသွားနိုင်အောင် အခုစက်လှေစီစဉ်နေတယ်။ သူတို့ကငွေရေးကြေးရေးအခက်အခဲဖြစ်နေတဲ့တွက်ကြောင့် စက်လှေငှားဖို့လည်းလူငယ်ပိုက်ဆံလိုက်စုနေတယ်။ စေတနာရှိတဲ့သူတွေလည်း ပါဝင်ကူညီစေချင်တယ်”လို့ပြောပါတယ်။

မြေမြုပ်မိုင်းထိလို့ မျက်နှာတစ်ခုလုံးပျက်စီးသွားတဲ့ ဦးဟွေ့တန်း

Zalen ad

ဖြစ်စဉ်မှာ ရပ်ချောင်းရွာနေ ဦးဟွေ့တန်း(၃၅)နှစ်နဲ့ရွာသား ငါးဦးတို့ဟာ အောက်တိုဘာ(၂၃)ရက်မှာ တောထဲဟင်းထွက်ရှာကြပါတယ်။ အောက်တိုဘာ(၂၉)ရက်မှာ ဟင်းရှာပြီးအပြန် နံနက်(၁၁)နာရီခန့်မှာ ဦးဟွေ့တန်းက မြေမြုပ်မိုင်းနှင်မိလို့ မျက်နှာတစ်ခုလုံးပျက်စီး၊ ဘယ်လက်ချောင်းများပျက်၊ ယာဘက်ပေါင်းခြေရင်းထိလို ဘောစိထိ၊ သွားအပေါ်အောက်လေးချောင်းကျိုးစတဲ့ဒဏ်ရာတွေရရှိပါတယ်။ အဖော်(၄)ဦးကရွာကိုသတင်းပို့ပြီး ညနေ(၄)နာရီမှာရွာကိုရောက်ပြီး ယင်းနေ့ည (၆)နာရီကနေ ရွာမှပလက်ဝဆေးရုံသို့သယ်လာပြီး အောက်တိုဘာ(၃၀)ရက် နံနက်(၅)နာရီမှာ ပလက်ဝဆေးရုံကိုရောက်လာကြပါတယ်။

ဦးဟွေ့တန်း မှာ သား/သမီး(၆)ဦးရှိပါတယ်။

နောက်ဆုံးရသတင်းများ

ပင်တဂွန်က လျှို့ဝှက် UFO ဖိုင် ၁၆၀ ကျော် ထုတ်ပြန် ၊ ဂြိုဟ်သားအမှန်တကယ်ရှိနေပြီလားဆိုတာ ကမ္ဘာတဝန်း လူစိတ်ဝင်စားမှုမြှင့်တက်လျက်ရှိ

မေ ၉၊ ၂၀၂၆ Zalen နှစ်ပေါင်းများစွာ လူတွေကြား ထင်မြင်ချက်အမျိုးမျိုးနဲ့ ပြောဆိုနေကြတဲ့ UFO အကြောင်းကို အမေရိကန် ပင်တဂွန်ဘက်က တိတ်တဆိတ်မနေတော့ဘဲ စာရွက်စာတမ်း ၁၆၀ ကျော်ကို မနေ့က မေ ၈ရက်နေ့မှာ တရားဝင် ...

ဆက်ဖတ်ရန်