ပလက်ဝ နဲ့ ရခိုင်ပြည်နယ်အချို့မှာ အင်တာနက်လိုင်းပြန်ရပြီ

ပလက်ဝမြို့နယ် နဲ့ ရခိုင်ပြည်နယ်အချို့မှာ အင်တာနက်လိုင်းပြန်ရပြီ

ချင်းပြည်နယ် ပလက်ဝမြို့နယ် နဲ့ ရခိုင်ပြည်နယ်မှာ နှစ်လကျော်ကြာ အင်တာနက်လိုင်းပိတ်ထားရာမှ မနေ့ည ၁၂ နာရီကစပြီး အင်တာနက်လိုင်ပြန်ရသွားပြီလို့ဒေသခံတွေထံမှ သတင်းရရှိပါတယ်။

ပလက်ဝမြို့နယ် နဲ့ ရခိုင်ပြည်နယ်တွင် တပ်မတော်နဲ့ အေအေတပ်ဖွဲ့တိုက်ပွဲ ပိုမိုပြင်းထန်လာတာကြောင့် ဇွန်လ (၂၁)ရက် ကစပြီး MPT, Telenor, Ooredoo, နဲ့ MyTel ဖုန်း အင်တာနက်လိုင်းတွေကို ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ပိတ်ပင်ထားပါတယ်။

ပလက်ဝမြို့ ဒေသခံ တစ်ဦးက “အခု အင်တာနက်လိုင်း ပြန်ရပြီ။ ည ၁၂ နာရီကနေ လိုင်းစသုံးလို့ရတယ်။ ဒါပေမယ့် အရင်လို လိုင်းကတော့ မကောင်းသေးဘူး။ အဝိုင်းလေးလည်နေတာများတယ်။ ဒီမနက်လည်း မီးဇာဘက်ကလူတွေ စိမ်းနေတာတွေ့ရတယ်။ အင်တာနက်လိုင်းပိတ်တဲ့ချိန်မှာ အခက်အခဲဖြစ်တယ်။ တခြားမြို့နယ်တွေကို စာပို့တဲ့ချိန်မှာ လိုင်းမရတော့ စာတိုက်နဲ့ပဲပို့ရတော့ လချီကြာသွားတယ်။ အခုတော့ လိုင်းရပြီဆိုတော့ email, viber တွေနဲ့ပို့လို့ရပြီလေ” လို့ပြောပါတယ်။

Zalen ad

ရခိုင်ပြည်နယ်မှာတော့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ မြေပုံမြို့နယ်တို့တွင် အင်တာနက်လိုင်းရရှိပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ပုဏ္ဍားကျွန်း မြို့နယ်တွင်မူ လိုင်းပိတ်ထားဆဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်