ပလက်ဝနယ်က ချင်းလူငယ်များကို ရက္ခိုင့်တပ်တော်(AA)က အခြေခံစစ်ပညာတက်ခိုင်း

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ ကျီးဝအုပ်စု၊ ကြက်မအိုင်ကျေးရွာများက ချင်းလူငယ် အသက် (၁၈)နှစ်မှ (၂၅)နှစ် လူငယ်များကို ဖေဖော်ဝါရီလ ၁ ရက်နေ့စပြီး ရက္ခိုင့်တပ်တော်(AA)က အခြေခံစစ်ပညာ အတင်းတက်ခိုင်းကြောင်း သိရှိရသည်။

“အခြေစစ်ပညာကို ကျေးရွာတစ်ရွာမှာ ၁ ဦး မှ ၂ ဦးနှုန်း တက်ရောက်ခိုင်းပါတယ်။ သင်တန်းဆင်း ချင်းလူငယ်များကို မိမိနေရပ်သို့ပြန်ခွင့်ပြုသော်လည်း ခရီးသွားလာခွင့်မပေးဘဲ ကန့်သတ်ထားပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောဆိုသည်။

ဆက်လက်ပြီး ဒေသခံတစ်ဦးက “ရွာကြီးရင် ၂ ယောက် ရွာသေးရင် တစေ်ယာက် ရွာတိုင်းအဲ့လို့စုခိုင်းပြီး အေအေ ထိန်းချုပ်နယ်မှာ သင်တန်းတက်ခိုင်းတာပါ။ သင်တန်းက ၁၅ ရက် ကြာတယ်။ လိုအပ်ရင် AA က စစ်တိုက်ဖို့ အခုလည်း အတင်းအဓမ္မတက်ခိုင်းတာ သင်တန်းဆင်းပြီးရင် အရံတပ်သားအဖြစ်ထားတယ်။ ရန်ကုန်၊မန်းလေး၊နိုင်ငံခြားသွားလို့မရဘူး။ ရွာမှာ မျက်ခြေမပြတ်စောင့်ကြည့်ခံရတယ်” ဟုပြောပါသည်။

ပြီးခဲ့တဲ့အပတ်က ဆမီးမြို့ပေါ်ရပ်ကွက်များကိုလည်း ရက္ခိုင့်တပ်တော် (AA)က တစ်အိမ်တဆင့်ဖြင့် အိမ်ထောင်စုစာရင်းများ၊ မှတ်ပုံတင်များလည်း လာရောက်ကောက်ခံကြောင်းလည်း သိရှိရသည်။

Zalen ad

“အကြောင်းမကြားဘဲ လူ ၃ ယောက်လောက်လာပြီး အိမ်ထောင်စု၊ မှတ်ပုံတင်တွေ လာစစ်သွားတယ်၊ ကျွန်တော်တို့က ဘယ်အဖွဲ့စည်းကစစ်တာလဲ၊ ဘာအတွက်စစ်တာလဲဆိုတာ မသိခဲ့ရဘူး၊ နောက်မှ ရက္ခိုင့်တပ်တော်(AA) အဖွဲ့ဆိုတာ သိရတယ်”ဟု ဆမီးမြို့ခံ တစ်ဦးက ဆိုသည်။

ဆမီးမြို့ပေါ်တွင် ဆမီးဗျူဟာမှူးလည်းရှိပြီး CDF ပလက်ဝနဲ့ စစ်ကောင်စီတို့ မကြာခဏ တိုက်ပဲဖြစ်ပွားသည့်အတွက် စစ်အင်အားလည်း တိုးမြင့်လျှက်ရှိသည်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်