ပြည်နယ်အစိုးရသိရှိခြင်းမရှိဘဲနောက်ထပ် နယ်စပ်ဂိတ် ပိတ်ပင်တာမျိုးမလုပ်ဖို့ မီဇိုရမ်ဝန်ကြီးချုပ် က အာသံရိုင်ဖယ် တာဝန်ရှိသူ ထံပြောကြား

၂၂၊ မေလ၊ ၂၀၂၄

Zalen

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်နဲ့ အာသံရိုင်ဖယ်တာဝန်ရှိသူတို့ နှစ်ဦး ဒီပတ်အင်္ဂါနေ့မှာ တွေ့ဆုံခဲ့ကြပြီး မီဇိုရမ်ထဲက လိုအပ်သည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးချုပ်မှ မြန်မာ နဲ့ မီဇိုရမ် နယ်စပ်ချစ်ကြည်ရေးဂိတ်ကို ပြည်နယ်အစိုးရ သိရှိခြင်းမရှိဘဲ နောက်ထပ် ပိတ်ပင်တာမျိုး ဘာမှ မလုပ်ဆောင် ဖို့ပြောကြားခဲ့တယ်လို့ သိရ ပါတယ်။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒုအောမ်မာ နဲ့ အာသံရိုင်ဖယ်၊ အရှေ့တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး RC Tiwari တို့နှစ်ဦးဟာ ဝန်ကြီးချုပ်ရဲ့ ရုံးခန်းမှာ မနေ့မေလ ၂၁ ရက်မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ ပက်သက်ပြီး ပူးလာလ်ဒုအောမ်မာ က “အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များအနေနဲ့ မီဇိုလူမျိုးများအတွက် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ပေးတဲ့ အပေါ်ကျေးဇူးတင်ကြောင်းပြောဆိုပြီးနောက် အာသံရိုင်ဖယ် အနေနဲ့ မီဇိုလူမျိုးများနဲ့ တိုက်ရိုက်ပတ်သက်တဲ့ အရာများကို လုပ်ဆောင်မယ်ဆိုရင် ပြည်နယ်အစိုးရနဲ့ အရင် တိုင်ပင်ပြီး လုပ်ဆောင်တာလိုချင်ကြောင်း၊ မကြာသေးခင်က အိန္ဒိယ ဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီး နဲ့ မီဇိုရမ်ပြည်နယ် အစိုးရ က ဘာမှမသိဘဲ မြန်မာနဲ့ မီဇိုရမ်ချစ်ပြည်ရေး တံတားဂိတ် ပိတ်ပင်ခဲ့တာက မဖြစ်သင့် ကြောင်း နဲ့ နောက်နောင် အသိမပေးဘဲ လုပ်ဆောင်တာမျိုး မရှိစေလိုကြောင်း” အာသံရိုင်ဖယ်ဒုတိယဗိုလ်ချုပ်ကြီး RC Tiwari ထံ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး RC Tiwari ကလည်း ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ကို မီဇိုရမ်ပြည်နယ်အတွင်းရှိ သူတို့ရဲ့ တပ်ဖွဲ့ဝင်များက အလေးထား လိုက်နာဆောင်ရွက်သွားမှာဖြစ်ကြောင်း နဲ့ မီဇိုရမ် အစိုးရရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက် ရေးကဏ္ဍ မှာ ပူးပေါင်းပါဝင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်က စလို့ အိန္ဒိယနိုင်ငံ ပြည်သူ့ရွေးကောက်ပွဲ ကျင်းပတာကို အကြောင်းပြပြီး နှစ်နိုင်ငံ အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ ဇိုခေါသာရ် – ရိဒ်ခေါဒါရ် နယ်စပ် ဂိတ်တံတားနဲ့ တခြား နယ်စပ်လမ်းသွယ်များကို အာသံရိုင်ဖယ် တပ်ဖွဲ့ဝင် များက နှစ်ရက်ကြာပိတ်ပင်ခဲ့တာဖြစ်ပြီး အဲဒီလိုပိတ်ပင်ခဲ့မှုကို ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရ ပြည်ထဲရေး ဝန်ကြီးတို့က တစ်စုံတစ်ရာ သိရှိခြင်းမရှိခဲ့ဘူး လို့သိရပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်