ဖလမ်းမြို့သစ်စီမံကိန်းဧရိယာတွင် ကိုယ်ထူကိုယ်ထဖြစ် လမ်းစတင်ဖောက်လုပ်

ဖလမ်းမြို့သစ်စီမံကိန်းဧရိယာတွင် ကိုယ်ထူကိုယ်ထဖြစ် လမ်းစတင်ဖောက်လုပ်

ဖလမ်းမြို့သစ် စီမံကိန်းဧရိယာဖြစ်တဲ့ ဇာလိုင် နဲ့ လုံပီးရပ်ကွက်တွင် ဒီမနက်ကစပြီး စည်ပင်ကဦးဆောင်ပြီး ကိုယ်ထူကိုယ်ထဖြစ် လမ်းစတင်ဖောက်လုပ်ကြပါတယ်။

ယင်းလမ်းဖောက်လုပ်ဖို့ရန်အတွက် ဖလမ်းမြို့အတွင်းရှိလုပ်ငန်းရှင်တွေက ဆီ ပီပါ ၆၀ လှူဒါန်းထားပါတယ်။

လက်ရှိ ဇာလိုင်ရပ်ကွက်တွင် စက်ကြီး ၂ လုံးနဲ့စတင်လမ်းဖောက်ပြီး ရပ်ကွက် ၂ ခုတွင် လမ်းအူကြောင်း ၂၀ ဖောက်လုပ်ဖို့ရည်ရွယ်ထားပါတယ်။ လမ်းအကျယ်ဟာ အချို့နေရာတွင် ပေ ၄၀ ရှိပြီး အချို့နေရာတွင် ပေ ၁၀၀ ကျယ်မယ်လို့သိရပါတယ်။

ဒီနှစ် နိုဝင်ဘာလတွင် လမ်းဖောက်လုပ်ခြင်းလုပ်ငန်းပြီးဆုံးရန်ရည်ရွယ်ထားပြီး ခရစမ္မတ်မတိုင်မီ မြေကွက် ၅၀၀ ရောင်းချနိုင်ဖို့ရည်မှန်းထားပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်