ဖလမ်းမြို့မှာ စစ်ကောင်စီဖမ်းဆီးထားတဲ့ CDM ဝန်ထမ်းများ ၂ ရက်ကြာတဲ့ထိ ပြန်မလွတ်သေး

ချင်းပြည်နယ် ဖလမ်းမြို့ပေါ်က CDM ဝန်ထမ်း ၉ ယောက်ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၅ ရက်က ၎င်းတို့နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားကြပြီး ယနေ့ ဇန်နဝါရီ ၂၇ ရက်အထိ ပြန်မလွတ်လာသေးဘူးလို့ သတင်းရရှိပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကတော့ အမျိုးသမီး ၈ ယောက်၊ အမျိုးသား ၁ ယောက်ဖြစ်ပါတယ်။ ဌာနလိုက်အနေနဲ့ ပညာရေးဌာနနေ ၆ ယောက်၊ ဆက်သွယ်ရေးဌာနက ၁ ယောက်၊ ကျန်းမာရေးဌာနက ၂ ယောက်ဖြစ်ပါတယ်။

ဖလမ်းမြို့ဒေသခံတစ်ဦးက “မနေ့က သင်းအုပ်ဆရာတွေကသွားတွေ့တဲ့ချိန်မှာ စစ်ကောင်စီတွေက အတိုင်ခံရတဲ့လူတွေကိုပဲရှာတာတဲ့။ ပါတီဘက်မှာ ပါဝင်လှုပ်ရှားမှုရှိလာဆိုတာပဲ မေးတာတဲ့။ မနေ့ကလည်း တစ်ယောက်အိမ်ဝင်ရှာကြတယ်။ မတွေ့လို့မဖမ်းမိတာ။ အခုအဖမ်းခံရတဲ့ အမျိုးသမီးတွေက မကြာခင်ကယောကျာ်းတွေဆုံးလို့ မုဆိုးမဖြစ်သွားတဲ့လူတွေပဲ။ မနေ့ညက ဒီနေ့ (ဇန်နဝါရီ ၂၇) မနက် ၇ နာရီမှာသူတို့ကိုပြန်လွတ်မယ်တဲ့သတင်းထွက်ပေမယ့် ညနေပိုင်းထိ မလွတ်လာသေးဘူး။ သူတို့ကို တပ်ကုန်းကိုတော့ မခေါ်ဘူး၊ ရဲစခန်းမှာထိန်းထားတယ်။ မြို့ထဲမှာ စစ်ခွေးတွေအဖွဲ့လိုက်လျှောက်သွားတတ်တော့ ညနေ ၄ နာရီဆို ဆိုင်ပိတ်ကြပြီ” လို့ပြောပါတယ်။

ဖလမ်းမြို့တွင် ကျောင်းတက်တဲ့သူများတာကြောင့် CNDF/CNO သတိပေးစာထုတ်ပြန်တာကြောင့် မိဘတွေက ၎င်းတို့ကလေးတွေကို ကျောင်းဆက်မတက်ခိုင်းတော့ပါ။ ဒါကြောင့် အာဏာသိမ်းစစ်ကောင်စီတပ်တွေက CDM ဝန်ထမ်းတွေကို အဓိကဦးတည်ပြီးဖမ်းဆီးတာဖြစ်မယ်လို့ ဒေသခံတွေကယူဆကြပါတယ်။

Zawgyi

ဖလမ္းၿမိဳ႕မွာ စစ္ေကာင္စီဖမ္းဆီးထားတဲ့ CDM ဝန္ထမ္းမ်ား ၂ ရက္ၾကာတဲ့ထိ ျပန္မလြတ္ေသး

ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕ေပၚက CDM ဝန္ထမ္း ၉ ေယာက္ကို အာဏာသိမ္းစစ္ေကာင္စီတပ္က ဇန္နဝါရီလ ၂၅ ရက္က ၄င္းတို႔ေနအိမ္ကေန ဖမ္းဆီးေခၚေဆာင္သြားၾကၿပီး ယေန႔ ဇန္နဝါရီ ၂၇ ရက္အထိ ျပန္မလြတ္လာေသးဘူးလို႔ သတင္းရရွိပါတယ္။

ဖမ္းဆီးခံရတဲ့သူေတြကေတာ့ အမ်ိဳးသမီး ၈ ေယာက္၊ အမ်ိဳးသား ၁ ေယာက္ျဖစ္ပါတယ္။ ဌာနလိုက္အေနနဲ႔ ပညာေရးဌာနေန ၆ ေယာက္၊ ဆက္သြယ္ေရးဌာနက ၁ ေယာက္၊ က်န္းမာေရးဌာနက ၂ ေယာက္ျဖစ္ပါတယ္။

ဖလမ္းၿမိဳ႕ေဒသခံတစ္ဦးက “မေန႔က သင္းအုပ္ဆရာေတြကသြားေတြ႕တဲ့ခ်ိန္မွာ စစ္ေကာင္စီေတြက အတိုင္ခံရတဲ့လူေတြကိုပဲရွာတာတဲ့။ ပါတီဘက္မွာ ပါဝင္လႈပ္ရွားမႈရွိလာဆိုတာပဲ ေမးတာတဲ့။ မေန႔ကလည္း တစ္ေယာက္အိမ္ဝင္ရွာၾကတယ္။ မေတြ႕လို႔မဖမ္းမိတာ။ အခုအဖမ္းခံရတဲ့ အမ်ိဳးသမီးေတြက မၾကာခင္ကေယာက်ာ္းေတြဆုံးလို႔ မုဆိုးမျဖစ္သြားတဲ့လူေတြပဲ။ မေန႔ညက ဒီေန႔ (ဇန္နဝါရီ ၂၇) မနက္ ၇ နာရီမွာသူတို႔ကိုျပန္လြတ္မယ္တဲ့သတင္းထြက္ေပမယ့္ ညေနပိုင္းထိ မလြတ္လာေသးဘူး။ သူတို႔ကို တပ္ကုန္းကိုေတာ့ မေခၚဘူး၊ ရဲစခန္းမွာထိန္းထားတယ္။ ၿမိဳ႕ထဲမွာ စစ္ေခြးေတြအဖြဲ႕လိုက္ေလွ်ာက္သြားတတ္ေတာ့ ညေန ၄ နာရီဆို ဆိုင္ပိတ္ၾကၿပီ” လို႔ေျပာပါတယ္။

ဖလမ္းၿမိဳ႕တြင္ ေက်ာင္းတက္တဲ့သူမ်ားတာေၾကာင့္ CNDF/CNO သတိေပးစာထုတ္ျပန္တာေၾကာင့္ မိဘေတြက ၄င္းတို႔ကေလးေတြကို ေက်ာင္းဆက္မတက္ခိုင္းေတာ့ပါ။ ဒါေၾကာင့္ အာဏာသိမ္းစစ္ေကာင္စီတပ္ေတြက CDM ဝန္ထမ္းေတြကို အဓိကဦးတည္ၿပီးဖမ္းဆီးတာျဖစ္မယ္လို႔ ေဒသခံေတြကယူဆၾကပါတယ္။

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်