မင်းတပ်မြို့တွင် ဝိဇ္ဇာသိပ္ပံကောလိပ်တည်ဆောက်ဖို့ ကျပ်သန်း ၃၇၀၀ ကျော်လျာထား

မင်းတပ်မြို့တွင် ဝိဇ္ဇာသိပ္ပံကောလိပ်တည်ဆောက်ဖို့ ကျပ်သန်း ၃၇၀၀ ကျော်လျာထား

မင်းတပ်မြို့တွင်တည်ဆောက်မယ့် ဝိဇ္ဇာသိပ္ပံကောလိပ်မြေနေရာပြ မြေပုံ

မင်းတပ်မြို့တွင် ဝိဇ္ဇာသိပ္ပံကောလိပ်တည်ဆောက်ဖို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အဆောက်အအုံး ၈ လုံးတည်ဆောက်ဖို့နဲ့ ရေ၊မီးမြေယာပြုပြင်ဖို့အတွက် စုစုပေါင်း ကျပ်သန်း ၃၇၅၃ ဒသမ ၈၄ လျာထားကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကပြောပါတယ်။

မင်းတပ်တွင်ကောလိပ်တည်ဆောက်ဖို့ မြေနေရာ ဧက ၃၂၅ ဒသမ ၉၁ လျာထားပြီး ယင်းမြေများကို ဒေသခံ ၂၈ ဦးက လှူဒါန်းထားပါတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်ကဆိုပါတယ်။

ယင်းမေးခွန်းကို စက်တင်ဘာ (၁၃)ရက်တွင်ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မင်းတပ် မဲဆန္ဒနယ်မှ ဦးနေလင်းအောင်က မင်းတပ်မြို့တွင် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် သို့မဟုတ် ကောလိပ်ကျောင်း (၁) ကျောင်း တည်ဆောက် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းထားပါတယ်။

ဦးနေလင်းအောင်က “မင်းတပ်မြို့တွင် တက္ကသိုလ်ရရှိမယ်ဆိုရင် မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝအပြင် မကွေးတိုင်း ဆော၊ လောင်းရှည်၊ ကျောက်ထု၊ ထီးလင်း၊ စတဲ့မြို့နယ်မှပြည်သူတွေပါအကျိုးရရှိမှာဖြစ်တယ်” လို့ပြောပါတယ်။

အဆိုပါမေးခွန်းနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ပညာရေးဝန်ကြီးဌာနအနေဖြင့် ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ဝိဇ္ဇာသိပ္ပံကောလိပ်တစ်ခု စတင်ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိပြီး မြေလည်း ရရှိပြီးဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေအနေဖြင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် နှစ်ထပ်စာသင်ဆောင်နှစ်လုံး ငွေကျပ် ၁၂၆၄.၆၄၀ သန်း၊ ဆရာဆရာမဆောင် နှစ်ထပ် နှစ်လုံး ကျပ်သန်းပေါင်း ၅၄၇.၂၀ သန်း၊ ခြောက်ခန်းတွဲ တစ်ထပ်ဝန်ထမ်းအိမ်ရာ နှစ်လုံး ငွေကျပ် ၂၄၀ သန်း၊ ကျောင်းသားဦးရေ ၁၀၀ ဦးဆံ့ ကျောင်းသားကျောင်းသူအိပ်ဆောင် နှစ်လုံး ငွေကျပ် ၁၃၁၂ သန်း၊ ရေ/မီး/မြေယာ ပြုပြင်ခြင်းအတွက် ကျပ် ၃၉၀ သန်း လျာထားဆောင်ရွက်ပြီးဖြစ်သည့်အတွက် ချင်းပြည်နယ် အစိုးရနဲ့ ပေါင်းစပ်ဆောင်ရွက် နေပြီလို့ပြန်လည်ဖြေကြားထားပါတယ်။

ယင်းကောလိပ်ကိုဖွင့်လှစ်ပါက ချင်းပြည်နယ်တောင်ပိုင်းတွင် ပထမဆုံး ဝိဇ္ဇာသိပ္ပံကျောင်းဖြစ်လာမည်ဖြစ်ပြီး ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့တွင် ဝိဇ္ဇာသိပ္ပံ ကောလိပ်ကျောင်းတည်ဆောက်ဖွင့်လှစ်ထားပါပြီ။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်