မင်းတပ်မြို့မှာ ကလေးတွေကို ကရာတေးသင်တန်းပြုလုပ်

 

မင်းတပ်မြို့ ကုမ်သီခန်းမ မှာ ကလေးတွေ ကရာတေးလေ့ကျင့်နေကြစဉ်(Photo: Pa Cawng)

မင်းတပ်မြို့မှာ ကလေးတွေကို ကရာတေးသင်တန်းပြုလုပ်
မင်းတပ်မြို့ နွေရာသီကျောင်းပိတ်ကာလ ကလေးတွေကို ကရာတေးသင်တန်း မြို့နယ်အားကစားရုံးဦးဆောင်မှုနဲ့ မတ်လ(၁၂)ရက်စတင်ပြုလုပ်ပါတယ်။
ကရာတေးသင်တန်းကို ကုမ်သီခန်းမ တွင် ညနေ (၄)နာရီမှ (၆)နာရီထိ တနင်္ဂနွေနေ့မှအပ သင်တန်းသူ၊သား(၂၀)ဦးကို သင်ကြားပေးနေပါတယ်။
မင်းတပ်မြို့နယ် အား၊ကာမှူး ဦးတမ်မန်က “အားကစားမှာမျိုးဆက်သစ်လူငယ်တွေလက်ဆင့်ကမ်းတဲ့အနေနဲ့သင်တာပါ။ ပြီးတော့ သူတို့ကျန်းမာရေးအတွက်လည်းပါပါတယ်။ ရုံးဘက်ကတော့ သင်တန်းကြေးမယူပေမယ့် နည်းပြဆရာက တစ်ယောက်ကို တစ်သောင်းယူပါတယ်။ ဘာဖြစ်လို့လဲဆို အလကားနဲ့သင်လို့ရတဲ့ဟာ တန်ဖိုးမထားတတ်မှာဆိုးတယ်” လို့ပြောပါတယ်။
ကရာတေးအပြင် လက်ဝှေ့၊ ပိုက်ကျော်ခြင်းတွေလည်းဆက်လက်သင်ကြားဖို့အစီအစဉ်ရှိတယ်လို့ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်