မင်းတပ်တွင် လူနာတင်ယာဉ်အခက်အခဲကြောင့် အလောင်းကို ဆိုင်ကယ်နဲ့သယ်နေရ

မင်းတပ်မြို့တွင် လူသေအလောင်းတွေကိုသယ်ဆောင်ဖို့ လူနာတင်ယာဉ်အခက်အခဲကြောင့် ဆိုင်ကယ်နဲ့သယ်နေရတယ်လို့သတင်းရရှိပါတယ်။

မင်းတပ်လူမှုကူညီရေးအသင်းဝင်တစ်ဦးက “မင်းတပ်မှာ လူနာတင်ယာဉ်အခက်အခဲဖြစ်နေတယ်။ ဒီနေ့ မီးသဂြိုလ်တဲ့ ဦးဟာထန်းအလောင်းက အခြားရောဂါနဲ့သေဆုံးတာဖြစ်တယ်” လို့ပြောပါတယ်။

ဦးဟာထန်းဟာ ဂန့်ဂေါခရိုင် ပညာရေးရုံးရဲ့ ဒုညွှန်မှူးဖြစ်ပြီး CDM မှာပါဝင်တဲ့သူလည်းဖြစ်တယ်။ ၎င်းဟာ မင်းတပ်မြို့က နေအိမ်တွင် ရုတ်တရက်ဒီနေ့သေဆုံးသွားတာဖြစ်တယ်။

(Zawgyi)
မင္းတပ္တြင္ လူနာတင္ယာဥ္အခက္အခဲေၾကာင့္ အေလာင္းကို ဆိုင္ကယ္နဲ႔သယ္ေနရ

Zalen ad

မင္းတပ္ၿမိဳ႕တြင္ လူေသအေလာင္းေတြကိုသယ္ေဆာင္ဖို႔ လူနာတင္ယာဥ္အခက္အခဲေၾကာင့္ ဆုိင္ကယ္နဲ႔သယ္ေနရတယ္လုိ႔သတင္းရရွိပါတယ္။

မင္းတပ္လူမႈကူညီေရးအသင္းဝင္တစ္ဦးက “မင္းတပ္မွာ လူနာတင္ယာဥ္အခက္အခဲျဖစ္ေနတယ္။ ဒီေန႔ မီးသၿဂိဳလ္တဲ့ ဦးဟာထန္းအေလာင္းက အျခားေရာဂါနဲ႔ေသဆံုးတာျဖစ္တယ္” လို႔ေျပာပါတယ္။

ဦးဟာထန္းဟာ ဂန္႔ေဂါခရိုင္ ပညာေရးရံုးရဲ႕ ဒုညႊန္မွဴးျဖစ္ၿပီး CDM မွာပါဝင္တဲ့သူလည္းျဖစ္တယ္။ ၄င္းဟာ မင္းတပ္ၿမိဳ႕က ေနအိမ္တြင္ ရုတ္တရက္ဒီေန႔ေသဆံုးသြားတာျဖစ္တယ္။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်