မင်းတပ်မှ ဒေသခံများကို စကစ စစ်ဆေးစဉ် ဖုန်းထဲတွင် အိမ်ပျက်စီးသည့် ဓာတ်ပုံများတွေ့ရှိတာကြောင့် ထောင် ၇ နှစ်ချ

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ဆေး၊ ဖမ်းဆီးခြင်း ခံရသူ‌ ဒေသခံ အများစုသည် ၎င်းတို့၏ လက်ကိုင်ဖုန်းထဲတွင် အိမ်ပျက်စီးသည့်ပုံများ၊ အချက်အလက်များ၊ ဓါတ်ပုံများရှိ‌နေခြင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး၎င်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ – ၅၂(က)ဖြင့် စွဲချက်တင်ကာ ပခုက္ကူထောင်သို့ ချက်ခြင်းပို့ဆောင်သည်ဟု ဒေသခံများထံက သိရသည်။

ဖမ်းဆီးခံရသူများသည် သတင်းအရဝင်ရောက်ရှာဖွေရာမှ ဖမ်းမိခြင်းမျိုးမဟုတ်ဘဲ အများစုမှာ လမ်းသွားရင်း မသင်္ကာသဖြင့် ဖုန်းကို စစ်ဆေးခံရခြင်းကြောင့် ဖမ်းခံရသူများ ဖြစ်သည်ဟု သိရသည်။

”ကျွန်တော့် မိတ်ဆွေတစ်ယောက်ဆိုရင် သုံးဘီးဆိုင်ကယ်မောင်းတယ်။ သူ့အိမ်ရှေ့မှာ စစ်ကောင်စီတပ်တွေကပစ်တဲ့ လက်နက်ကျည်ဆန်ကျတယ်။ အိမ်တွေ ပျက်စီးတာတွေကို ဖုန်းနဲ့ဒီတိုင်းလျှောက်ရိုက်ထားတာပဲ။ အဲဒါကို ထောင် ခုနှစ် နှစ်ချပြီး ပခုက္ကူထောင်ကို ပို့လိုက်တယ်ဗျ။ နောက်တစ်ယောက်ဆိုရင်လည်း ဖုန်းထဲမှာသေနတ်ပုံတွေ့လို့ဆိုပြီး ထောင်ခုနှစ် နှစ်ချလိုက်တယ်”ဟု မင်းတပ်မြို့ပေါ် နေသူတစ်ဦးက ပြောသည်။

မင်းတပ်မြို့ပေါ်တွင်ဖမ်းဆီးမိသူများကို (၂၇၄) တပ်ရင်းတွင်ထားရှိပြီး စစ်ကြောရေးမှာနှိပ်စက်ပြီးနောက် မြို့မရဲစခန်းသို့ပို့ဆောင်ပြီး ရုံးမထုတ်ဘဲ ပုဒ်မတပ်ကာ ပခုက္ကူထောင်သို့ ပို့ဆောင်ကြသည်ဟုလည်း သိရသည်။

”သူတို့ကို ရိုက်စစ်တယ်လို့ ပြောတယ်။ ကျွန်တော်မိတ်ဆွေဆိုရင် နားကောင်းကောင်း မကြား ရတော့ဘူး။ သူကလည်း သူ့အိမ်ပျက်စီးတာကို ပုံရိုက်ပြီး ဖေ့စ်ဘုတ်ပေါ်တင်လို့ဆိုပြီး ထောင်ချလိုက်တာပဲဗျာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ပုဒ်မ ၅၂ (က)သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မဖြစ်ပြီး ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ်သုံးနှစ်မှ အများဆုံးထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ၂၀၁၄ ခုနှစ်က ပြဌာန်းထားသော်လည်း စစ်တပ်မှအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ဩဂုတ်လ ၁ ရက်နေ့တွင်ပြန်လည်ပြင်ဆင်ပြဌာန်းခဲ့သည်။

Zawgyi

မင္းတပ္မွ ေဒသခံမ်ားကို စကစ စစ္ေဆးစဥ္ ဖုန္းထဲတြင္ အိမ္ပ်က္စီးသည့္ ဓာတ္ပုံမ်ားေတြ႔ရွိတာေၾကာင့္ ေထာင္ ၇ ႏွစ္ခ်

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ့ေပၚတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ စစ္ေဆး၊ ဖမ္းဆီးျခင္း ခံရသူ‌ ေဒသခံ အမ်ားစုသည္ ၎တို့၏ လက္ကိုင္ဖုန္းထဲတြင္ အိမ္ပ်က္စီးသည့္ပုံမ်ား၊ အခ်က္အလက္မ်ား၊ ဓါတ္ပုံမ်ားရွိ‌ေနျခင္းေၾကာင့္ ဖမ္းဆီးခံရျခင္းျဖစ္ၿပီး၎တို့ကို အၾကမ္းဖက္မွုတိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ – ၅၂(က)ျဖင့္ စြဲခ်က္တင္ကာ ပခုကၠဴေထာင္သို့ ခ်က္ျခင္းပို့ေဆာင္သည္ဟု ေဒသခံမ်ားထံက သိရသည္။

ဖမ္းဆီးခံရသူမ်ားသည္ သတင္းအရဝင္ေရာက္ရွာေဖြရာမွ ဖမ္းမိျခင္းမ်ိဳးမဟုတ္ဘဲ အမ်ားစုမွာ လမ္းသြားရင္း မသကၤာသျဖင့္ ဖုန္းကို စစ္ေဆးခံရျခင္းေၾကာင့္ ဖမ္းခံရသူမ်ား ျဖစ္သည္ဟု သိရသည္။

”ကၽြန္ေတာ့္ မိတ္ေဆြတစ္ေယာက္ဆိုရင္ သုံးဘီးဆိုင္ကယ္ေမာင္းတယ္။ သူ႔အိမ္ေရွ႕မွာ စစ္ေကာင္စီတပ္ေတြကပစ္တဲ့ လက္နက္က်ည္ဆန္က်တယ္။ အိမ္ေတြ ပ်က္စီးတာေတြကို ဖုန္းနဲ႔ဒီတိုင္းေလၽွာက္ရိုက္ထားတာပဲ။ အဲဒါကို ေထာင္ ခုႏွစ္ ႏွစ္ခ်ၿပီး ပခုကၠဴေထာင္ကို ပို့လိုက္တယ္ဗ်။ ေနာက္တစ္ေယာက္ဆိုရင္လည္း ဖုန္းထဲမွာေသနတ္ပုံေတြ႕လို့ဆိုၿပီး ေထာင္ခုႏွစ္ ႏွစ္ခ်လိုက္တယ္”ဟု မင္းတပ္ၿမိဳ့ေပၚ ေနသူတစ္ဦးက ေျပာသည္။

မင္းတပ္ၿမိဳ့ေပၚတြင္ဖမ္းဆီးမိသူမ်ားကို (၂၇၄) တပ္ရင္းတြင္ထားရွိၿပီး စစ္ေၾကာေရးမွာႏွိပ္စက္ၿပီးေနာက္ ၿမိဳ့မရဲစခန္းသို့ပို့ေဆာင္ၿပီး ႐ုံးမထုတ္ဘဲ ပုဒ္မတပ္ကာ ပခုကၠဴေထာင္သို့ ပို့ေဆာင္ၾကသည္ဟုလည္း သိရသည္။

”သူတို့ကို ရိုက္စစ္တယ္လို့ ေျပာတယ္။ ကၽြန္ေတာ္မိတ္ေဆြဆိုရင္ နားေကာင္းေကာင္း မၾကား ရေတာ့ဘူး။ သူကလည္း သူ႔အိမ္ပ်က္စီးတာကို ပုံရိုက္ၿပီး ေဖ့စ္ဘုတ္ေပၚတင္လို့ဆိုၿပီး ေထာင္ခ်လိုက္တာပဲဗ်ာ” ဟု ေဒသခံတစ္ဦးက ဆိုသည္။

ပုဒ္မ ၅၂ (က)သည္ အၾကမ္းဖက္မွုတိုက္ဖ်က္ေရးဥပေဒ ပုဒ္မျဖစ္ၿပီး က်ဴးလြန္ေၾကာင္း ျပစ္မွုထင္ရွား စီရင္ျခင္းခံရလၽွင္ အနည္းဆုံး ေထာင္ဒဏ္သုံးႏွစ္မွ အမ်ားဆုံးေထာင္ဒဏ္ ခုနစ္ႏွစ္အထိ ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္းခ်မွတ္နိုင္သည္ဟု ၂၀၁၄ ခုႏွစ္က ျပဌာန္းထားေသာ္လည္း စစ္တပ္မွအာဏာသိမ္းၿပီးေနာက္ ၂၀၂၁ ခုႏွစ္ဩဂုတ္လ ၁ ရက္ေန႔တြင္ျပန္လည္ျပင္ဆင္ျပဌာန္းခဲ့သည္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်