မတူပီမြို့မှာ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခံရတာကြောင့် ကားလမ်းတွေပြန်ပိတ်

ဇန်နဝါရီလ ၃၀ရက်၊ ၂၀၂၅

Zalen

ချင်းပြည်နယ်၊ မတူပီမြို့မှာ ဇန်နဝါရီလ ၂၄ ရက်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံကြဲတိုက်ခိုက်ပြီးနောက် ချင်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ ၁ က ကားလမ်းတွေပြန်ပိတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ပြည်ထောင်စုလမ်းတွေ၊ မြို့အဝင်အထွက် လမ်းတွေပြန်ပိတ်လိုက်ပြီ။ တချို့က မြို့ထဲသွားကျတဲ့သူတွေ ပိတ်မိနေတာရှိသလို နယ်ပြန်သွားတဲ့သူတွေလည်း ပြန်လာမရဘဲ ပိတ်မိနေတာရှိတယ်။”လို့ မတူပီဒေသခံတစ်ဦးက ပြောပါတယ်။

Zalen ad

ပြည်ထောင်စုလမ်းမတွေအပါအဝင် မတူပီမြို့အဝင်အထွက် ကားလမ်းအားလုံးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမအပတ်ထဲက CDF-Matupi တပ်မဟာ ၁ က ပြန်လည်ဖွင့်ပေးပေမဲ့ အခုအခါမှာ ပြန်လည်ပိတ်လိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ညက မတူပီမြို့မှာ စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အာရက္ခတပ်တော် (အေအေ) စစ်ရေးရုံးအပြင် အရပ်သား ဆေးဆိုင်၊ စျေးဆိုင်တွေနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးသွားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မတူပီမြို့ကို တစ်နှစ်နီးပါး လက်လွတ်လိုက်ရပေမဲ့ အခုရက်ပိုင်း မတူပီမြို့နဲ့အနီးအနားဝန်းကျင်မှာ လေကြောင်းကနေ ကင်းထောက်လေယာဥ်တွေနဲ့ စောင့်ကြည့်မူတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“ကင်းထောက်လေယာဥ်တွေက အမြဲတမ်း လာတယ်။ ဒီလထဲမှာတင် လေးကြိမ်လောက် ဗုံးကြဲသွားပြီး။ အရပ်သားတွေထိခိုက်မှုမရှိပေမဲ့ နေအိမ်တွေပျက်စီးတွေက ရှိတယ်။ ပြည်သူတွေက စိုးရိမ်တာပေါ့။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မတူပီမြို့သိမ်းတိုက်ပွဲတွင်း ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေလည်း မတူပီမြို့ထဲ ပြန်လာကြသူတွေရှိပြီး နောက်ထပ် နေရပ်ပြန်လာမယ့် စစ်ဘေးရှောင်တွေလည်း ပြင်ဆင်ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

မတူပီမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှာ သိမ်းပိုက်ရရှိပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်