မလေးရှားမှာ ချင်းအမျိုးသားတစ်ဦးကားတိုက်ခံရလို့သေဆုံး

၂၃၊ ဇွန်လ၊ ၂၀၂၅

Zalen

မလေးရှားနိုင်ငံ၊ Jalan Lokeyew မှာ ချင်းအမျိုးသားတစ်ဦး မနေ့ ဇွန်လ ၂၂ ရက်နေ့မှာ ကားတိုက်ခံရလို့သေဆုံးခဲ့ ပါတယ်။

အခုလိုကားတိုက်ခံရတဲ့သူဟာ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်၊ ကြာအင်းကျေးရွာသားဖြစ်ပြီး မလေးရှား မလေးရှားဆဲန်ထန်ခရစ်ယာန်အသင်းတော် ( Senthang Christian Church Malaysia – SCCM အသင်းဝင်ဖြစ်တယ်လို့သိရပါတယ်။

သေဆုံးသူဟာ ဦးပါထောင်း ( Pu Pa Thawng ) နဲ့ ဒေါ်ရှန်နှဲမ် ( Pi Siang Hnem ) တို့ရဲ့သား ဦးဟရဲမ်ကျုံး ( Pu Hrem Cung ) ဖြစ်ပါတယ်။

ဦးဟရဲမ်ကျုံး ( Pu Hrem Cung ) က ရွာမှာအမျိုးသမီးနဲ့ ကလေးနှစ်ဦးကိုချန်ထားခဲ့ကာ ကျန်ရစ်တဲ့မိသားစု နဲ့ ကလေးများကို ဘုရားသခင်နှစ်သိမ့်ပါစေကြောင်း Senthang Christian Church Malaysia – SCCM က ဆုမွန် ကောင်းတောင်းပေးလိုက်ပါတယ်။

ဦးဟရဲမ်ကျုံး ( Pu Hrem Cung ) ရဲ့ ရက်လည်အစီအစဉ်ကို ဇွန်လ ၂၃ ရက်၊ ဒီည ၈ နာရီကနေ ၁၀ နာရီ အတွင်း Senthang Christian Church Malaysia – SCCM ဘုရားကျောင်းမှာ ပြုလုပ်သွားမှာဖြစ်ပြီးတော့ အလောင်း သဂြိုလ်မယ့်အစီအစဉ်ကိုတော့ပြန်လည်အသိပေးသွားမယ်လို့ SCCM က အသိပေးထားပါတယ်။

သတင်း – Mickey

ပုံအညွှန်း – ကားတိုက်ခံရလို့သေဆုံးသွားတဲ့ ဦးဟရဲမ်ကျုံး

ဓါတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာမှာ စစ်ကောင်စီတပ်နဲ့ CDF CDM Siyin တို့ တိုက်ပွဲဖြစ်

အောက်တိုဘာ ၃၀၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာမှာ အောက်တိုဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ CDF CDM Siyin တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်းမှာ ချင်းတော်လှန်ရေးတပ်ဘက်က တစ်ဦး ...

ဆက်ဖတ်ရန်