မီဇိုရမ်တွင် မြန်မာနိုင်ငံသား နှစ်ဦးထံ မူးယစ်ဆေးဝါးများဖမ်းမိ

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်ခရိုင်တွင် သြဂုတ် ၁၉ ရက်က မြန်မာနိုင်ငံသား နှစ်ဦးထံ ဆေးပြားအလုံး ၅သောင်းနဲ့ ဘိန်းဖြူ ၁၄ ဂရမ်ကိုဖမ်းဆီးရမိတယ်လို့ မီဇိုရမ်မူးယစ်တိုက်ဖျက်ရေးဌာနကထုတ်ပြန်ထားပါတယ်။

မူးယစ်ဆေးဝါးနဲ့အတူဖမ်းမိတဲ့ မြန်မာနိုင်ငံသားဟာ တီးတိန်မြို့နယ် Thinglei ရွာသားတွေဖြစ်တဲ့ Thang Sian Khai (၂၆နှစ်)၊ နဲ့ Zam Lam Sum (၂၄နှစ်)တို့ဖြစ်ပါတယ်။ ၎င်းတို့ဟာ 125 Kenbo ဆိုင်ကယ်နဲ့ သယ်ဆောင်စဉ် လမ်းမှ ဖမ်းမိတာလို့သိရတယ်။

FaeFPMdaAAAZzI-

သြဂုတ် ၁၈ ရက်ကလည် ကျန်ဖိုင်မြို့တွင် ဘိန်းဖြူ ၆၅ ဒသမ ၅၂ ဂရမ်ကို မီဇိုရမ်ပြည်သားတစ်ဦးထံ ဖမ်းဆီးရမိတယ်လို့သိရပါတယ်။ ၎င်းတို့အားလုံးကို မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့သိရတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ့အရေး အိန္ဒိယ အလန့်တကြား အလေးထားလာ

R.Lakher ညီနောင်မဟာမိတ် (၃) ဖွဲ့ ၏ ရှမ်းပြည်နယ် မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုရလဒ်များနှင့်အတူ တစ်နိုင်ငံလုံးနီးပါး ကူးစက်လာသော စစ်ဆင်ရေးကြီးများ၊ စခန်းသိမ်းတိုက်ပွဲများ၊ အထူးသဖြင့် တကျော့ပြန် ခရိုင်ပြည်နယ်စစ်ပွဲများ၊ ချင်းပြည်နှင့် စစ်ကိုင်းတိုင်းစစ်ပွဲကြီးများ ကြောင့်အိန္ဒိယနိုင်ငံ ...

ဆက်ဖတ်ရန်