မီဇိုရမ်ထဲက မြန်မာစစ်ရှောင်များအတွက် ဗဟိုအစိုးရထံ ရူပီး ၅ သန်းတောင်းဆိုထား

ဇန်နဝါရီ ၂၉ ၊ ၂၀၂၆
Zalen

မီဇိုရမ်ပြည်နယ်အတွင်း ခှိုလှုံနေထိုင်ကြတဲ့ မြန်မာစစ်ရှောင်များအတွက် ဗဟိုအစိုးရထံ ရူပီး ၅ သန်း တောင်းဆို ထားကြောင်း ပြည်နယ်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့တယ်လို့ All India Radio News မှာဖော်ပြပါရှိပါတယ်။

ပြည်ထဲရေးဝန်ကြီး Pu K. Sapdanga က သူတို့အစိုးရတက်လာပြီးနောက် မီဇိုရမ်ပြည်နယ်အတွင်း နှစ်ရှည်လများ နေထိုင်ကြတဲ့မြန်မာစစ်ရှောင်များအတွက် ဗဟိုအစိုးရက ရူပီး ၅ သန်းဖိုး ဆန် နဲ့ ငွေသားဖြင့် ရူပီး ၅ သန်းထောက်ပံ့ခဲ့ပြီဖြစ်ကြောင်း ပြောကြားထားပါတယ်။

လက်ရှိမှာ မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်များခိုလှုံလာတာဟာ အချိန်ကြာမြင့်လာပြီဖြစ်ပြီး ဒီအတော အတွင်း မီဇိုရမ်ပြည်သူများက တက်အားသရွေ့ကူညီပေးခဲ့ကြကြောင်း၊ ဘယ်အချိန်ထိ စစ်ရှောင်များနေထိုင်မှာ ကိုမသိနိုင်ကြောင်း နဲ့ သူတို့ကိုဆက်လက်ကူညီထောက်ပံ့ဖို့အတွက် ဗဟိုအစိုးရရဲ့အကူအညီလိုအပ်ကြောင်း သူက ဆိုပါတယ်။

Zalen ad

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းခိုလှုံနေထိုင်တဲ့ ချင်းစစ်ရှောင်တစ်ဦးက “အရင်နှစ်လယ်လောက် တုန်းက ဗဟိုအစိုးရကထောက်ပံ့တာဆိုပြီး ရပ်ကွက်တာဝန်ရှိသူတွေက ဆန်ဝေတာရှိခဲ့ဖူးတယ်။ မိသားစုထဲက လူဦးရေအလိုက်ဝေပေးတာပါ။ လူတစ်ဦးကို ဆန်သုံးပြည်ထောက်ပံ့တာပါ။ မိသားစုလူများရင်များသလိုရပါ တယ်။ ငွေသားနဲ့ထောက်ပံ့တာတော့ မသိလိုက်ဘူး။” လို့ ပြောပါတယ်။

မီဇိုရမ်အစိုးရရဲ့ နောက်ဆုံးစာရင်းအရ လက်ရှိ မြန်မာစစ်ရှောင်ဦးရေဟာ ၂၈,၉၆၄ ဦး ရှိတယ်လို့သိရပြီး မြန်မာ စစ်ရှောင်များအနက် မြန်မာပြည်ဘက်ကိုပြန်သွားသူနဲ့ အသစ်ဝင်လာသူများရှိနေတာကြောင့် စစ်ရှောင်ဦးရေ အတိအကျ ကောက်ယူနိုင်ခြင်းမရှိပါ။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

Depo တားဆေးနဲ့ ပတ်သက်ပြီး သတိပေးချက်အသစ်များ ထွက်လာ

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆ Zalen သုံးလတကြိမ် အသုံးပြုကြတဲ့ ကိုယ်ဝန်ကာကွယ်ဆေး Depo-Provera နဲ့ ပတ်သက်ပြီး ဦးနှောက်အကျိတ်တမျိုးဖြစ်သော meningioma ဖြစ်နိုင်ခြေ ရှိနိုင်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားပါတယ်။ ထုတ်လုပ်သူ Pfizerရဲ့ ဆေးအမှတ်တံဆိပ်စာရွက် ...

ဆက်ဖတ်ရန်