မအောင်မြင်တဲ့ ဟားခါးရေပေးဝေရေးကိစ္စဆွေးနွေးဖို့ ကုမ္မဏီတာဝန်ခံမလာနိုင်၍ ရက်ပြန်ရွေ့

မအောင်မြင်တဲ့ ဟားခါးရေပေးဝေရေးကိစ္စဆွေးနွေးဖို့ ကုမ္မဏီတာဝန်ခံမလာနိုင်၍ ရက်ပြန်ရွေ့

ဟားခါးမြို့တွင်းရေပေးဝေရေးကို သုံးနှစ်အတွင်းမပြီးမြောက်နိုင်တာကြောင့် လုပ်ငန်းတင်ဒါရရှိတဲ့ကုမ္မဏီနဲ့ အစိုးရတို့ ဆွေးနွေးဖို့ ဇူလိုင် (၃၁)ရက်ချိန်းဆိုထားသော်လည်း K&DL ကုမ္မဏီတာဝန်ခံ ဦးသိန်းဇော်မပါလာသဖြင့် ရက်ပြန်ရွေ့လိုက်တယ်လို့ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောပါတယ်။

ဝန်ကြီးဦးစိုးထက်က “သူတို့နဲ့ဆွေးနွေးဖို့ခေါ်တော့ K&DL ကုမ္မဏီ တာဝန်ခံဦးသိန်းဇော်မပါပဲ သူ့အောက်ကလူနဲ့ရှေ့နေလာတော့ တာဝန်ခံမပါပဲမဆွေးနွေးနိုင်ဘူးဆိုပြောလို့ လက်တစ်ဝက်မှာသူတို့လှည့်ပြန်ကြတယ်။ သူတို့ဘယ်နေ့လာမယ်ဆိုတာ ပြန်ပြောဖို့ပြောထားတယ်။ သူတို့ကရေကိုအဆင်ပြေအောင်မလုပ်ပေးနိုင်ဘူး။ သူတို့ကတော့ စာနဲ့ တစ်ရာရာခိုင်နှုန်းပြီးပြီလို့ဖော်ပြထားတယ်။ ကျနော်တို့လက်မခံဘူး။ သူတို့က ပိုက်ဆက်တာလည်းမပြီးဘူး။ ဟားခါးမှာခုထိရေမပေးနိုင်တာ တစ်ရာရာခိုင်နှုန်းမပြီးသေးတာလေ။ ၁၀၀ ရာခိုင်နှုန်းမပြောနဲ့ ၅၀ ရာခိုင်နှုန်းတောင်မပြီးဘူး။ သူတို့ကိုရှေ့တစ်ပတ်ထိပဲစောင့်မယ်။ သူတို့လျှော်ကြေးမပေးနိုင်ဘူးဆိုရင် တင်ဒါပေးတဲ့ ထွေအုပ်က တရားစွဲမယ်” လို့ပြောပါတယ်။

ဟားခါးမြို့ ရေပေးဝေရေးစီမံကိန်းကို ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ၂၀၁၆-၁၇ ဘတ်ဂျက်တွင် ရန်ပုံငွေ ကျပ်သန်း (၂၉၀၀) ထည့်သွင်းလျာထားပြီး ၂၀၁၆ ခုနှစ်ကစပြီး K&DL ကုမ္မဏီ နဲ့ မိုးကုတ်ရွှေရည်ကုမ္မဏီတို့က တာဝန်ယူတည်ဆောက်ခဲ့ပါတယ်။

Zalen ad

ယင်းစီမံကိန်းကို ၂၀၁၇ ခုနှစ် မတ်လကုန်တွင်အားလုံးပြီးစီးရမယ်လို့သတ်မှတ်ထားသော်လည်း တတိယအကြိမ်ထိ လုပ်ငန်းသက်တမ်းတိုးရန်တောင်းဆိုပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင်လုပ်ငန်းမပြီးဆုံးပါက ဒဏ်ကြေး ၂ ဆပေးဆောင်ရန် ပြည်နယ်အစိုးရကသဘောတူဆုံးဖြတ်ခဲ့ကြတယ်။

ဟားခါးမြို့တွင်း ရေပေးဝေရေးလုပ်ကိုင်တဲ့ K&DL ကုမ္မဏီ နဲ့ မိုးကုတ်ရွှေရည်ကုမ္မဏီတို့က စီမံကိန်းနောက်ကျဒဏ်ကြေး ၇၃,၈၅၄,၇၅၁ ဒသမ ၈၀ ကျပ် နဲ့ စာရင်းစစ်မှတွေ့ရှိတဲ့ ပိုထုတ်ငွေ ကျပ် သန်း ၂၂၂၇ ဒသမ ၇၆၃ ကို ပြန်လည်ပေးသွင်းရန် ပြည်နယ်အစိုးရက အကြောင်းကြားထားပါတယ်။

လက်ရှိဟားခါးမြို့တွင်းသောက်သုံးနေတဲ့စည်ပင်ရေမလုံလောက်တာကြောင့် ဟားခါးမြို့အနီးသီးမြစ်ချောင်းကိုဆည်ခတ်ပြီး ဟားခါးမြို့သို့ဖြန့်ချီဖို့စီစဉ်ထားတာဖြစ်ပါတယ်။ မြို့တွင်းရေဖြန့်ချီရေးလုပ်ငန်းတင်ဒါရထားတဲ့ကုမ္မဏီတွေက ၃နှစ်ကြာတဲ့ထိလုပ်ငန်းမပြီးဆုံးနိုင်တာကြောင့် နွေရာသီရောက်တိုင်း ပြည်သူတွေရေအခက်အခဲနဲ့ကြုံတွေ့နေကြပါတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်