မှော်ဘီ၌ မူကြိုကလေးတစ်ဦး ကားထဲပိတ်မိ​လို့သေဆုံးမှု​ဖြစ်ပွား

ရန်ကုန်၊ မှော်ဘီမြို့နယ်မှာ မူကြိုကလေးတစ်ဦး ကားအတွင်း တစ်နေကုန် ပိတ်မိကာ အပူလောင်၍ သေဆုံးသွားကြောင်း သိရသည်။

မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာ၊ မြိုင်သာယာရပ်ကွက်မှာဖွင့်ထားသည့် မူကြိုကျောင်း၌ မေ ၄ ရက်က ကျောင်းကြိုပို့ကားနှင့်အတူ ကလေးများကျောင်းပို့လာစဥ် သေဆုံးသည့်ကလေးမှာ ရေဗူးကျန်သဖြင့် တစ်ဦးတည်း ကားပေါ် ပြန်လာခဲ့သည်ဟု ဆိုသည်။

ယင်းကို ကားဆရာကသတိမပြုမိဘဲ တံခါးပိတ်လော့ချခဲ့သဖြင့် ကလေးမှာ တစ်နေကုန်ပိတ်မိပြီး ညနေမှ ၎င်းကလေးငယ်ပျောက်ကြောင်းသိရှိကာလိုက်ရှာကြရာ အပူလောင်လျက်သေဆုံးနေပြီဖြစ်ကြောင်း သိရသည်။

ကာယကံရှင်ကလေးမှာ တစ်ဦးတည်းသောသားဟုသိရပြီး အလောင်းကိုမိဘများက တောင်ငူမြို့သို့ သယ်ဆောင်ကာ သဂြိုဟ်ဖို့ စီစဥ်နေကြသည်။

Zalen ad

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်ကိုလေကြောင်း တိုက်ခိုက်မှု ပြုလုပ်မည်ဟု ဦးလှဆွေ ခြိမ်းခြောက်

မေ ၈၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရောက်ရှိနေသဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်သွားမှာဖြစ်တယ်လို့ စစ်တပ်ထောက်ခံသူ ဘူးလက်လှဆွေက ခြိမ်းခြောက်ထားပါတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဟာ ကျောက်တော်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုပြင်းထန်ပြီးနောက် ...

ဆက်ဖတ်ရန်