မှော်ဘီ၌ မူကြိုကလေးတစ်ဦး ကားထဲပိတ်မိ​လို့သေဆုံးမှု​ဖြစ်ပွား

ရန်ကုန်၊ မှော်ဘီမြို့နယ်မှာ မူကြိုကလေးတစ်ဦး ကားအတွင်း တစ်နေကုန် ပိတ်မိကာ အပူလောင်၍ သေဆုံးသွားကြောင်း သိရသည်။

မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာ၊ မြိုင်သာယာရပ်ကွက်မှာဖွင့်ထားသည့် မူကြိုကျောင်း၌ မေ ၄ ရက်က ကျောင်းကြိုပို့ကားနှင့်အတူ ကလေးများကျောင်းပို့လာစဥ် သေဆုံးသည့်ကလေးမှာ ရေဗူးကျန်သဖြင့် တစ်ဦးတည်း ကားပေါ် ပြန်လာခဲ့သည်ဟု ဆိုသည်။

ယင်းကို ကားဆရာကသတိမပြုမိဘဲ တံခါးပိတ်လော့ချခဲ့သဖြင့် ကလေးမှာ တစ်နေကုန်ပိတ်မိပြီး ညနေမှ ၎င်းကလေးငယ်ပျောက်ကြောင်းသိရှိကာလိုက်ရှာကြရာ အပူလောင်လျက်သေဆုံးနေပြီဖြစ်ကြောင်း သိရသည်။

ကာယကံရှင်ကလေးမှာ တစ်ဦးတည်းသောသားဟုသိရပြီး အလောင်းကိုမိဘများက တောင်ငူမြို့သို့ သယ်ဆောင်ကာ သဂြိုဟ်ဖို့ စီစဥ်နေကြသည်။

နောက်ဆုံးရသတင်းများ

တစ်နှစ်အတွင်း မြဝတီကျားဖြန့် ကနေ အိန္ဒိယနိုင်ငံသား ၈၄၀ ဦး လွတ်မြောက်

၉၊ ဇူလိုင်၊ ၂၀၂၅Zalen ၂၀၂၄ ဇူလိုင် ကနေ ၂၀၂၅ ဇူလိုင်အထိ တစ်နှစ်အတွင်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့် တွေကနေ အိန္ဒိယနိုင်ငံသား ၈၄၀ ဦး လွတ်မြောက်လာခဲ့တယ်လို့ ရန်ကုန်ရှိ အိန္ဒိယသံရုံးက ...

ဆက်ဖတ်ရန်