ရခိုင်ပြည်နယ်တွင် ချင်းအမျိုးသားတစ်ဦး နေအိမ်တွင်အသတ်ခံရ

ရခိုင်ပြည်နယ်တွင် ချင်းအမျိုးသားတစ်ဦး နေအိမ်တွင်အသတ်ခံရ

ရခိုင်ပြည်နယ် အမ်းမြို့နယ် မဲလောက်မောင်းရွာမှာနေထိုင်တဲ့ ဦးခိုင်(၃၉ နှစ်)ဟာ ၎င်းနေအိမ်တွင် အမည်မသိ လူ ၄ ဦးက စက်တင်ဘာ ၉ ရက် ည ၁၁ နာရီခန့်တွင် ဓားနဲ့ထိုးသတ်ခံရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးထံမှသတင်းရရှိပါတယ်။

မဲလောက်မောင်းကျေးရွာဟာ ရန်ကုန် – စစ်တွေကားလမ်းမဘေးတွင်တည်ရှိပြီး ချင်းအများစုနဲ့ ရခိုင်အနည်းငယ်နေထိုင်ကြတဲ့ရွာဖြစ်ပါတယ်။

မဲလောက်မောင်းအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝေလင်းက “ဦးခိုင်က လယ်ယာစိုက်ခင်းပဲလုပ်ကိုင်တဲ့သူပါ။ သူ့မှာ ၂ နှစ်အရွယ်သမီးတစ်ယောက်ရှိပါတယ်။ သူ့အလောင်းကို ဒီနေ့ညနေ မြေမြုပ်သဂြိုလ်မယ်။ မနေ့က သူ့အမျိုးသမီးက ရဲစခန်းမှာ အမှုဖွင့်ထားပြီ။ ဘယ်သူကသတ်တာလဲဆိုတာမပြောတတ်ဘူး။ အခုရွာကလူတွေအားလုံးကြောက်လန့်နေကြတယ်” လို့ပြောပါတယ်။

Zalen ad

ရခိုင်ပြည်နယ် စစ်တွေအခြေစိုက် DMG သတင်းက ဦးခိုင်ရဲ့ ဇနီးဒေါ်ခင်ရီသန်းက အမည်မသိလူ ၄ ဦးက ဓားနဲ့အချက်ပေါင်းများစွာထိုးသတ်သွားတယ်လို့ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်