ရန်ကုန်က UNHCR ရုံးနဲ့ ချင်းခေါင်းဆောင်များ ချင်းဒုက္ခသည်အရေးဆွေးနွေးမယ်

ရန်ကုန်မြို့ UNHCR ရုံးတာဝန်ရှိသူတွေနဲ့ ချင်းခေါင်းဆောင်တွေဟာ နိုဝင်ဘာလ (၃)ရက်နေ့မှာ မလေးရှားနဲ့ အိန္ဒိယချင်းဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမယ်လို့သိရပါတယ်။

ယင်းဆွေးနွေးပွဲအတွက် ရန်ကုန်မြို့ရှိ ချင်းလူမျိုးပေါင်းစုံဟာ အောက်တိုဘာ (၂၅)ရက်က အကြိုညိုနှိုင်းဆွေးနွေးပွဲကျင်းပကြပါတယ်။

ပြည်တွင်းကနေချင်းဒုက္ခသည်အရေးပါဝင်လှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ ဆလိုင်းအောင်လိန်းက “ကျနော်တို့ မနေ့ကဆွေးနွေးထားတာကတော့ နေရပ်ကိုပြန်ပို့ဖို့ဆိုတာကတော့ ဒုက္ခသည်တွေကိုယ်တိုင်သဘောတူသေးတဲ့ဟာ မဟုတ်တော့ မလုပ်ဘူး။ ဒါကြောင့် UNHCR ကပြန်ပြီးသုံးသပ်ဖို့ စည်းရုံးလှုံ့ဆော်မှု လုပ်သွားမယ်။ ချင်းဒုက္ခသည်များအရေးနှင့်ပတ်သက်ပြီး တာဝန်ယူဆက်သွယ်ညှိနှိုင်းဆောင်ရွက်မည့် Chin Supporting Committee လည်းဖွဲ့ထားတယ်။ သူတို့ကလည်း မလေးရှားမှာသဘောတူထားတဲ့ပေါ်မှာပဲလုပ်မယ်။ ရန်ကုန်က UNHCR ရုံးနဲ့တွေ့ရင် ဘာတွေမေးလာနိုင်တာလဲဆိုတာ ပြင်ဆင်ထားတယ်။ ကျနော်တို့ဘက်က မေးရမှာကတော့ ဘာလို့ချင်းတွေကိုပဲ ရွေးပြီးလုပ်တာလဲဆိုတာ မေးသွားမယ်”လို့ပြောပါတယ်။

Zalen ad

ပြည်တွင်းကနေ ချင်းဒုက္ခသည်အရေးလှုပ်ရှားသူ ဆလိုင်းအောင်လိန်း

ဆက်လက်ပြီး “မလေးရှားသွားတုန်းက Independent Chin Community တွေနဲ့ဆွေးနွေးထားတာသုံးခုရှိတယ်။ ပထမက သူတို့တတိယနိုင်ငံသွားဖို့ရယ်။ နံပါတ်နှစ်က မလေးရှားနိုင်ငံမှာ work permit နဲ့နေနိုင်ဖို့ရယ်၊ တတိယတစ်ခုက နေရပ် ပြန်လာတဲ့ကိစ္စဖြစ်တယ်။ အခုက တတိယနိုင်ငံသွားဖို့ဦးစားပေးလုပ်မယ်။ ဒါကြောင့် အမေရိကန်မှာရှိတဲ့ ချင်းအဖွဲ့တွေက အမေရိကန်အနေနဲ့ချင်းတွေကိုဦးစားပေးခေါ်ဖို့ပေါ့နော်။ နောက်တစ်ခုက သြစတြေးလျမှာရှိတဲ့ ချင်းတွေကလည်း အစိုးရက ချင်းတွေကိုဦးစားပေးခေါ်ဖို့ စည်းရုံးလှုံ့ဆော်မှု ဝင်နေတယ်။ ပြည်တွင်းမှာ CHRO က UNHCR ရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့ စည်းရုံးလှုံ့ဆော်မှု ဝင်နေတယ်။ ချင်းပါတီတွေ၊ ချင်းလူမှုအဖွဲ့အစည်းနဲ့သွားတက်တဲ့လူတွေက မြန်မာပြည်မှာရှိတဲ့ UNHCR ရုံးကို စည်းရုံးလှုံ့ဆော်မှု ဝင်တယ်ပေါ့။ ပြန်ပြီးသုံးသပ်ပေးဖို့ပြောတယ်။ ဒါကြောင့် UNHCR ကနှစ်ခုပြန်လုပ်ပေးတယ်။ ပထမက ချင်းတောင်ကို သူတို့ကိုယ်တိုင်သွားကြည့်မယ်။ ဒုတိယက လက်တွေ့ မြေပြင်လေ့လာစမ်းစစ်မှုပြန်လုပ်မယ်။ ဒီလေ့လာစမ်းစစ်မှုထဲမှာ ချင်းလူထုတွေနဲ့ဆွေးနွေးပွဲလုပ်မယ်”လို့ ဆလိုင်းအောင်လိန်းကပြောပါတယ်။

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်