ရန်ကုန်တိုင်းမှာ ချင်းရေးရာဝန်ကြီးထားရှိနိုင်ရန် ချင်းလူမျိုးလူဦးရေစာရင်းစတင်ကောက်ခံ

ရန်ကုန်တိုင်းမှာ ချင်းရေးရာဝန်ကြီးထားရှိနိုင်ရန် ချင်းလူမျိုးလူဦးရေစာရင်းစတင်ကောက်ခံ

လာမယ့် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးတစ်နေရာရရှိနိုင်ဖို့ ရန်ကုန်တိုင်းအတွင်းရှိ ချင်းလူဦးရေစာရင်းကို ချင်းအမျိုးသားလူမှုကွန်ယက်အသင်း (Chin Advocacy Network) က ဦးဆောင်ပြီး စတင်ကောက်ခံနေတယ်လို့သတင်းရရှိပါတယ်။

ချင်းအမျိုးသားလူမှုကွန်ယက်အသင်း ဥက္ကဌ ဒေါက်တာ စီ ထန်ဇာတွင်း (ပညာရေးငြိမ်း)က “ရန်ကုန်တိုင်းမှာရှိတဲ့ ချင်းအားလုံးရဲ့လူဦးရေစာရင်းကောက်တာက ပထမတော့ ချင်း Directory စာအုပ်ထုတ်ဖို့ဖြစ်တယ်။ ပြီးတော့ သတ်မှတ်ထားတဲ့ လူဦးရေစာရင်းပြည့်ရင် ရန်ကုန်တိုင်း ချင်းတိုင်းရင်းသားရေးရာရဖို့တင်ပြသွားမယ်။ အခုတော့ မြို့နယ်အလိုက်လူဦးရေစာရင်း ကောက်နေတယ်” လို့ပြောပါတယ်။

ရန်ကုန်တိုင်း ချင်းလူဦးရေစာရင်းကို စက်တင်ဘာလအပြီးကောက်ဖို့စီစဉ်ထားပြီး နိုဝင်ဘာလတွင် တိုင်းဒေသကြီး အစိုးရထံတင်ပြသွားမယ်လို့သိရပါတယ်။ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် ကရင် နဲ့ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ရှိပါတယ်။

Zalen ad

ချင်းတိုင်းရင်းလူဦးရေစာရင်းကောက်ခံဖို့တာဝန်ပေးထားတဲ့ ဆလိုင်း ကျူံးလျန်က “အရင်ဆုံးကျနော်တို့ မရာမျိုးနွယ်စုစာရင်းကို ဒဂုံ သုံးမြို့နယ်ကစာရင်းကောက်နေတယ်။ မရာမျိုးနွယ်စုအသင်းမှာ စာရင်းတော့ရှိပေမယ့် အိမ်ထောင်ဦးစီးနာမည်နဲ့ နေရပ်လိပ်စာပဲရှိတော့ မိသားစုလူဦးစာရင်းတွေအသေးစိတ်ပြန်ကောက်နေရတယ်။ ဒါပြီးရင် စာရင်းကောက်ဖို့ တာဝန်ပေးထားတဲ့ အရှိုဘက်လူနဲ့ဆက်သွယ်ပြီး တခြားမြို့နယ်၊ မျိုးနွယ်စုအသင်းတွေကောက်ထားတဲ့စာရင်းတွေ လိုက်တောင်းမယ်။ တချို့မြို့နယ်ကိုတော့ ဖုန်းဆက်ထားတာရှိတယ်။ တခြားမျိုးနွယ်နဲ့ မြို့နယ်အသင်းတွေက အိမ်ထောင်စုလူဦးရေစာရင်းအသေးစိပ်ရှိရင်တော့ ပိုမြန်သွားမယ်” လို့ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၆၁(ခ) အရ တိုင်းဒေသကြီးအတွင်းရှိ လူနည်းစု တိုင်းရင်းသားများသည် နိုင်ငံလူဦးရေ၏ သုည ဒဿမ တစ် ရာခိုင်နှုန်း (လူဦးရေ ၅၄,၀၀၀)ရှိပါက တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်နေရာရရှိနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်