ရန်ကုန် ချင်းအမျိုးသားနေ့ မုဒ်ဦးကို ပြန်ပြင်ဆင်မယ်

ရန်ကုန်မြို့မှာ ကျင်းပမယ့် (၇၁)နှစ်မြောက် အမျိုးသားနေ့ မုဒ်ဦးကို ကနုတ်ပန်းတွေနေရာမှာ ချင်းဘုံဝတ်စုံစောင်တွေနဲ့ ဒီမနက်ပြန်လည်ပြင်ဆင်လိုက်ပြီလို့ ပွဲစီစဉ်သူ All Chin Society-Yangon အဖွဲ့ကနေသတင်းရရှိပါတယ်။

ယင်း မုဒ်ဦးကို ဘုရားပွဲမုဒ်ဦးလိုပြင်ဆင်ခြင်းအပေါ် အွန်လိုင်းပေါ်မှာ ချင်းတိုင်းရင်းသားတွေရဲ့ ဝေဖန်နေကြတာတွေ့ရပါတယ်။

ရန်ကုန်မြို့ ချင်းအမျိုးသားနေ့ကို ဦးဆောင်ကျင်းပတဲ့ All Chin Society-Yangon အတွင်းရေးမှူး ဦးနိုင်းထန်းက “မနေ့က ဦးထားဘိစ်ခ်ကို တာဝန်ပေးထားတော့ ဦးထားဘိစ်ခ်ကလည်း အမြန်ဆုံး ရရာလက်နက်စွဲကိုင်တာဆိုတဲ့ပုံစံနဲ့ ဘုရားပွဲမုဒ်ဦးလုပ်တဲ့သူတွေကို သွားငှားလိုက်တော့ မနေ့က အကြမ်းဖျင်းအနေနဲ့အဲ့လိုလုပ်လိုက်တာလေ။ ဘုရားပွဲက ပါလာတဲ့ မုဒ်ဦးအတိုင်းပြန်စိုက်တာ။ သူတို့ပြီးသွားလို့ပြန်စစ်တဲ့ချိန်မှာ ပန်းပွင့်တွေဘာတွေတွေ့တာပေါ့။ ဒါနဲ့ဆိုမဖြစ်ဘူး။ မနက်ဖြန်အချိန်မှီသေးတယ်။ ပြန်ဖြတ်မယ်ဆိုပြီးပြောတော့ အဲ့ဒီဓာတ်ပုံကို ကိုမြင့်ဖေက viber group ထဲမှာတင်တယ်။ တကယ်တော့ အဲ့ဒီမုဒ်ဦးကိုပြန်ဖြတ်လိုက်ပြီ။ လုပ်တဲ့သူတွေနဲ့လည်း စကားများသေးတယ်။ အခု ချင်းဘုံဝတ်စုံ အနီနဲ့အနက်ပါတဲ့စောင်ပုံစံပြန်ပြောင်းလိုက်ပြီ။ ဟိုအပေါ်ဆုံးကတော့ ဖြတ်လို့မရတော့ ဒီတိုင်းဖြစ်မှာ။ အောက်ကဟာတော့ ချင်းဘုံဝတ်စုံပြန်လဲလိုက်တယ်။ အခုစောင်တွေကျနော်အိမ်မှာ ပြန်ယူနေတယ်”လို့ ပြောပါတယ်။

ချင်းအမျိုးသားနေ့ကျင်းပမယ့်နေရာကတော့ အမှတ် ၁၈၃
အနော်ရထာလမ်း နှင့် ကုန်းဘောင်လမ်းတောင့် ၁၅ ရပ်ကွက်၊ အရှေ့ဒရုံမြို့နယ်ဖြစ်ပါတယ်။
ဖေဖော်ဝါရီ(၂၀)ရက် အခမ်းအနားမှာတော့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများထံမှ ရိုးရာဝတ်စုံများအလှပြခြင်း ၊ကာယအလှမယ်ပြိုင်ခြင်း၊ နာမည်ကြီး နိုင်ငံကျော်ချင်းအဆိုတော်များမှ ဖျော်ဖြေတင်ဆက်ခြင်း၊
ချင်းရိုးရာအစားအစာရောင်းခြင်း၊ ရန်ကုန်ရှိ ချင်းလူမှုရေးအသင်း (၁၉)ဖွဲ့ထံမှချင်းရိုးရာအကပေါင်းစုံကပြခြင်း၊ ချင်းရိုးရာပြခန် များပြသခြင်း နှင့်ရောင်းခြင်း စသဖြင့်ပြုလုပ်ကျင်းပသွားမှာဖြစ်တယ်။

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ် စစ်ရေးနှင့် ဖြစ်လာနိုင်ခြေ အကျိုးဆက်များ

R.Lakher ချင်းလူမျိုးသည် မြန်မာနိုင်ငံတွင် မတူကွဲပြားမှု အများဆုံး လူမျိုးဖြစ်သည်။ချင်းလူမျိုးကို လူမျိုးစု ၅၃ မျိုးဖြင့်ဖွဲ့စည်းထား သည်ဟု အ ကြ​မ်းအားဖြ​င့်သိကြသည်။ဤ အချက်သည် မှန်ကန်မှု မရှိပေ။ သို့သော် ၃၀ နှင့် ၅၀ အကြားရှိမည်ဟု ...

ဆက်ဖတ်ရန်