ရန်ကုန်တိုင်းအတွင်းရှိ ချင်းတိုင်းရင်းသားလူဦးရေစာရင်းကောက်ခံရာတွင် အခက်အခဲရှိဟုဆို

၂၀၁၉၊ အောက်တိုဘာ (၁၈)
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ချင်းတိုင်းရင်းသားလူဦးရေစာရင်းကောက်ခံရာတွင် အသင်းတော်နဲ့ မျိုးနွယ်စုအသင်းရဲ့စာရင်းပေါ်အခြေခံကောက်ခံတဲ့တွက်ကြောင့် အခက်အခဲအနည်းငယ်ကြုံတွေ့နေတယ်လို့ သတင်းရရှိပါတယ်။

ချင်းတိုင်းရင်းသားလူဦးရေစာရင်းကို ချင်းအမျိုးသားလူမှုကွန်ယက်အသင်း (Chin Advocacy Network) ကဦးဆောင်ကောက်ခံပြီး သတ်မှတ်လူဦးရေပြည့်မီပါက ရန်ကုန်တိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာတောင်းဆိုဖို့ရည်ရွယ်ထားကြတယ်။

လူဦးရေစာရင်းကောက်ခံသူ ဆလိုင်းထင်အောင်က “ကျနော့်ဆီမှာ ချင်းလူဦးရေ တစ်သောင်းလောက်ရထားပါပြီ။ စာရင်းကောက်ရတာ ထင်သလောက်မလွယ်ဘူး။ ရှိသမျှ မြို့နယ်အသင်းတို့ မျိုးနွယ်စုအသင်းတို့ကလည်း မိဘနာမည်ပဲရှိပြီး သူတို့ရဲ့သားသမီးနာမည်တွေမရှိကြဘူး။ အသင်းမှာပါတဲ့ မိသားစုဖုန်းနံပတ်လည်း ဆက်သွယ်လို့မရတာတွေများတယ်။ ဒီအစီစဉ်သိတဲ့သူနည်းတော့ စာရင်းသွားကောက်တဲ့ချိန်မှာ ဘာလဲဆိုပြီး ပျူပျူငှာငှာမရှိကြဘူး” လို့ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ ချင်းတိုင်းရင်းသား လူဦးရေစာရင်းကို စက်တင်ဘာကနေ နိုဝင်ဘာလထိ ကောက်ခံပြီး ကောက်ခံရရှိထားတဲ့ လူဦးရေစာရင်းကို ရန်ကုန်တိုင်းအစိုးရထံတင်ပြသွားမယ်လို့သိရပါတယ်။

Zalen ad

လူဦးရေစာရင်းကောက်ခံသူ ဆလိုင်းချိုလိုင်ဦးက “ရန်ုကန်တိုင်းမှာရှိတဲ့ ချင်းတိုင်းရင်းသားတွေက သန်ခေါင်စာရင်းရှိတဲ့သူနည်းတယ်။ အိမ်ငှားနေတဲ့သူဆိုရင်လည်း ရပ်ကွက်ရုံးမှာစာရင်းပေးသွင်းတာနည်းတယ်။ မြို့နယ်အသင်းတွေလည်း အသင်းသားစာရင်းရှိတဲ့သူနည်းတယ်။ တစ်နှစ်ကျော်လောက် အချိန်ယူရင်ပိုကောင်းမယ်။ ဒါပေမယ့် အခုက အရေးပေါ်ဆိုတော့ မတတ်နိုင်ဘူးလေ” လို့ပြောပါတယ်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် ကရင် နဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ရှိပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၆၁(ခ) အရ တိုင်းဒေသကြီးအတွင်းရှိ လူနည်းစု တိုင်းရင်းသားများသည် နိုင်ငံလူဦးရေ၏ သုည ဒဿမ တစ် ရာခိုင်နှုန်း (လူဦးရေ ၅၄,၀၀၀)ရှိပါက တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်နေရာရရှိနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်