ရမ်းကုတွေဆေးကုခွင့်ပေးမယ့် ပုဒ်မ ၁၅(စ) ပယ်ဖျက်ဖို့ ကလေးမြို့တိုင်းရင်းဆေးရုံဝန်ထမ်းများကန့်ကွက်

ဆေးပညာကို စနစ်တကျမသင်ယူပဲ ဆရာတပည့်ခံပြီး ဆေးကုသခွင့်လိုင်စင်ပေးနိုင်တဲ့ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်း ပုဒ်မ ၁၅(စ)ကို ကလေးမြို့ တိုင်းရင်းဆေးရုံဝန်ထမ်းတွေက ကန့်ကွက်ကြပါတယ်။

ဒီဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ဒီဇင်ဘာ(၆)ရက်မှာ ထောက်ခံမဲ(၄၃၃)မဲ၊ ကန့်ကွက်ဆန္ဒမဲ (၉၄)မဲနဲ့ ကြားနေဆန္ဒမဲ (၇)မဲဖြစ် အတည်ပြုလိုက်ပါတယ်။

မြန်မာနိုင်ငံတိုင်းရင်း ဆေးကောင်စီ ဥပဒကြမ်းမှာပါဝင်တဲ့ အခန်း(၄) ပုဒ်မ ၁၅ ပုဒ်မခွဲ(စ)မှာ တိုင်းရင်းဆေးပညာဖြင့်အသက်မွေးဝမ်းကျောင်းပြုနေတဲ့ တိုင်းရင်းဆေးဆရာ ဖြစ်ထိုက်သူရဲ့ အရည်အချင်းများသတ်မှတ်ခြင်းဟုပါရှိပြီး အခန်း(၁၁) မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာ မှတ်ပုံတင်ခြင်းအခန်းရဲ့ ပုဒ်မ(၃၁) ပုဒ်မခွဲ(ဂ) မှာတော့ ပုဒ်မ ၁၅ ပုဒ်မခွဲ(စ)အရ အရည်အချင်းပြည့်မီသူလို့ ပါရှိပါတယ်။ ဒါ့ကြောင့် အထက်ပါအရည်အချင်းသတ်မှတ်ထားသူတွေကို တိုင်းရင်းဆေး ဆရာအဖြစ် မှတ်ပုံတင်ခွင့် တနည်းအားဖြင့် (တဆ) ပေးခွင့် ပြုထားတာတဲ့ သည်ပုဒ်မကို ပယ်ဖျက်ပေးဖို့ တိုင်းရင်းဆေး ကျောင်းသားကျောင်သူအချို့နဲ့ သမားတော်အချို့က ပယ်ဖျက်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

ပုဒ်မ ၁၅(စ)ပယ်ဖျက်ရန် ဆွေးနွေးတဲ့မြင်းမူမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးစိုးစံသက်ထွန်းက Mizzima မီဒီယာမှာ အခုလိုပြောပါတယ်။

“ဒီပုဒ်မကိုထည့်သွင်းပြဌာန်းခြင်းဖြင့် နိုင်ငံတော်ကဖွင့်လှစ်သင်ကြား ပေးခဲ့တဲ့ တိုင်းရင်းဆေးနဲ့ဆိုင်တဲ့ ဘယ်ကျောင်းကိုမှ တက်ရောက်ခဲ့ခြင်းမရှိတဲ့ တိုင်းရင်းဆေးနဲ့အသက်မွေးပါတယ်လို့ဆိုသူတွေဟာ မှတ်ပုံတင်ရလာမှာဖြစ်တယ်။ ကျောင်းတွေကို အချိန်ကုန်ငွေကုန် လူပင်ပန်းခံတက်ရောက်ခဲ့တဲ့ ကျောင်းသားတေါ နည်းတူ မှတ်ပုံတင်လက်မှတ်ရရှိလာမှာဖြစ်တယ်။ စနစ်တကျသင်ကြား ပေးတာတွေမရှိလို့  ကျင့်ဝတ်တွေကိုလည်း အပြည့်အဝမသိကြတဲ့သူတွေ ဘယ်စစ်ဆေ်းမှုမှမခံယူဘဲ အထွေထွေရောဂါကုသခွင့်တွေ၊ အထူးကုသခွင့်တွေ တိုင်းရင်းဆေးဝါးတွေထုတ်လုပ်တဲ့အခါမှာ ကြီးကြပ်ခွင့်တွေရရှိလာမှာဖြစ်တယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ဒီညကစပြီး လောင်တလိုင်ခရိုင်ကနေ မြန်မာဘက်သို့ကုန်တင်ကား အဝင်အထွက်ပိတ်မယ်လို့ CYLA အသိပေး

၂၅၊မေလ ၊၂၀၂၄ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ကနေ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ထဲကို အခြေခံစားသောက်ကုန်များ အပါအဝင် တစ်ခြားသောပစ္စည်းများကို သယ်ယူပို့ဆောင်လျက်ရှိတဲ့ ကားသမားများအနေနဲ့ ဒီကနေ့ မေလ ၂၅ ရက် ည ၁၂ ...

ဆက်ဖတ်ရန်