ရိဒ်ရေကန် ကြမ်းပြင်ထိ ပထမဆုံးရေငုပ်ခဲ့တဲ့ မီဇိုရမ်ရေငုပ်သမားများသမိုင်းသစ်တင်

၁၃၊ ဒီဇင်ဘာ ၊၂၀၂၃

Zalen

ချင်းပြည်နယ်နဲ့ မီဇိုရမ်ပြည်နယ်အစပ်မှာရှိတဲ့ ရိဒ်ရေကန်ရဲ့အောက်ဆုံးကြမ်းပြင်အထိကို C.Darthantluanga နဲ့အဖွဲ့တို့က ဒီဇင်ဘာလ ၉ ရက်နေ့တွင်ရေငုပ်ကာ သမိုင်းသစ်ရေးခဲ့တယ်လို့သိ ရပါတယ်။

ရိဒ်ရေကန်ဟာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာရှိပြီး ချင်းပြည်နယ်ရဲ့သင်္ကေတတစ်ခု အဖြစ်တည်ရှိနေသလို တစ်ချို့က အသည်းနှလုံးရေကန်လို့လည်းလူသိများတာ ဖြစ်ပါတယ်။

Zalen ad

ပထမဆုံးအကြိမ် C.Darthantluanga တစ်ဦးတည်းရေငုပ်ဆင်းပြီး ဒုတိယအကြိမ်မှာ အဖွဲ့ဝင် ၂ ယောက်နဲ့အတူ ထပ်ဆင်းကာ ရေအောက်ကြမ်းပြင်ကို လှည့်ပတ်ကြည့်ရှုကြပါတယ်။ ယင်းရေကန်ဟာ အနက်ပေ  ၄၁.၀၁ ပေရှိပြီး မီတာအားဖြင့် ၁၂.၅ မီတာနက်တယ်လို့သိရပါ တယ်။ ရိဒ်ရေကန်ဟာ ပျမ်မျှအနက် ပေ ၅၀ ရှိပြီး အနက်ဆုံး ပေ ၆၀ နက်တယ်လို့သိရတယ်။

ယခုလိုသမိုင်းသစ်ရေးသွားတဲ့ C.Darthantluanga ဟာ မီဇိုရမ်ပြည်နယ် စိုင်ရာန်းမြို့(Sairang Town)၊ ဒိန်သာရ်ရပ်ကွက်မှာ နေထိုင်တဲ့လူလို့ သိရပါတယ်။ သူဟာ နည်းပညာပိုင်းဆိုင်ရာရေငုပ်သင်တန်း ၁၁ ခု ပြီးမြောက်ထားသူဖြစ်သလို မီဇိုရမ်နေရာတိုင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းများလည်း လုပ်ကိုင် နေသူလို့သိရပါတယ်။

၎င်းတို့ဟာ ရိဒ်ရေကန် ကြမ်းပြင်က မြေကိုလည်း အမှတ်တရ ယူဆောင်လာတယ်လို့သိရတယ်။ အခုလို ရိဒ်ရေကန် ရေအောက်ကြမ်းပြင်ထိ ရေငုပ်ဆင်းတာဟာ ဒါ ပထမဆုံးအကြိမ်ဖြစ်တယ်လို့သိရတယ်။

ရိရေကန်ဟာ ပါးစပ်သမိုင်းများအရ ဆင်များရဲ့ င်္သချိုင်း၊ နဂါးတွေနေတဲ့နေရာ၊ ရေအောက်မှာ မြွေနေထိုင်ကျက်စားတယ်ဆိုတဲ့သမိုင်းတွေရှိပါတယ်။ ပြီးတော့ ဂျပန်ခေတ်မှာ ဂျပန်စစ်သားတွေက ကန်ရေကို တီအိုချောင်းထဲမှာ နှုတ်ချင်လို့ မြောင်းတူးဖော်ခဲ့ပေမယ့် မအောင်မြင်ဘူးလို့သိရတယ်။

သတင်း-Grace

နောက်ဆုံးရသတင်းများ

တန်းတူညီမျှသော ပြည်ထောင်စုသစ် ပေါ်ပေါက်သည်အထိ ဆက်လက်တိုက်ပွဲဝင်မည်ဟု CDF-Asho ထုတ်ပြန်

ဇန်နဝါရီ  ၂၂ ၊ ၂၀၂၆။ Zalen တန်းတူညီမျှမှုရှိသော ပြည်ထောင်စုသစ်တရပ် ပေါ်ထွန်းလာသည်အထိ အရှိန်အဟုန်မပျက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ချင်းကာကွယ်ရေးတပ် (အရှို) က ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့ ...

ဆက်ဖတ်ရန်