ချင်းပြည်နယ်၊ တီးတိန်မြို့ မြို့မရဲစခန်းမှ စခန်းမှူးဦးဆောင်ပြီး ဒီနေ့ စက်တင်ဘာ ၄ ရက် မနက် ၁၁ နာရီအချိန်တွင် ကင်းလှည့်နေစဉ် မြို့အဝင်ဆိုင်းဘုတ်အနီးမှာ PDF တပ်ဖွဲ့ကပစ်ခတ်လို့ ဒုရဲအုပ် သန်းလင်းဦးတွင် ကျည်ဆံ (၃)ချက် ရှပ်ထိဒဏ်ရာရရှိတယ်လို့ ရဲကြေးနန်းအရသိရပါတယ်။
အိမ်စီးကား ၁ စီးနဲ့ ရဲကား ၂ စီးတို့ဖြစ် အင်အား (၁၂)ယောက်က ကင်းလှည့်နေစဉ် ကြိုဆိုပါ၏ဆိုင်းဘုတ်အနီး ဘယ်ဘက်တောင်ကုန်းပေါ်ကနေ PDF တပ်ဖွဲ့က မောင်းပြန်သေနတ်/လက်နက်မျိုးစုံဖြင့် အချက် (၂၀) လောက်ပစ်ခတ်ပါတယ်။
ဒါကြောင့် ဒုရဲအုပ် သန်းလင်းဦးတွင် ယာဘက်ပခုံးမှာ ရှပ်ထိဒဏ်ရာ (၂)ချက်၊ ဘယ်ဘက်ချိုင်းအောက်တွင် ရှပ်ထိဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)လို့သိရတယ်။
ဒုရဲအုပ်သန်းလင်းဦးမောင်းနှင့်တဲ့ ရဲကားရှေ့မှန်ကျည်ဖောက်ဝင် (၂)ချက်၊ ဘေးတံခါးပေါက်မှ ကျည်ဖောက်ဝင် (၂)ချက်ပစ်ခတ်ခံရပါတယ်။
ဒဏ်ရာကို နယ်မြေခံ ခလရ (၂၆၉)တပ်က ဆေးအရာခံဗိုလ်နဲ့ ဆေးတပ်သားတွေက ရဲစခန်းမှာ ကုသပေးတယ်လို့ ယင်းရဲကြေးနန်းစာတွင်ဖော်ပြထားပါတယ်။
(Zawgyi)
ရဲေတြကင္းလွည့္စဥ္ တီးတိန္ၿမိဳ႕အဝင္မွာ ျခဳံခိုပစ္ခတ္ခံရလို႔ ဒုရဲအုပ္ဒဏ္ရာ ရရွိ
ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ စခန္းမႉးဦးေဆာင္ၿပီး ဒီေန႔ စက္တင္ဘာ ၄ ရက္ မနက္ ၁၁ နာရီအခ်ိန္တြင္ ကင္းလွည့္ေနစဥ္ ၿမိဳ႕အဝင္ဆိုင္းဘုတ္အနီးမွာ PDF တပ္ဖြဲ႕ကပစ္ခတ္လို႔ ဒုရဲအုပ္ သန္းလင္းဦးတြင္ က်ည္ဆံ (၃)ခ်က္ ရွပ္ထိဒဏ္ရာရရွိတယ္လို႔ ရဲေၾကးနန္းအရသိရပါတယ္။
အိမ္စီးကား ၁ စီးနဲ႔ ရဲကား ၂ စီးတို႔ျဖစ္ အင္အား (၁၂)ေယာက္က ကင္းလွည့္ေနစဥ္ ႀကိဳဆိုပါ၏ဆိုင္းဘုတ္အနီး ဘယ္ဘက္ေတာင္ကုန္းေပၚကေန PDF တပ္ဖြဲ႕က ေမာင္းျပန္ေသနတ္/လက္နက္မ်ိဳးစုံျဖင့္ အခ်က္ (၂၀) ေလာက္ပစ္ခတ္ပါတယ္။
ဒါေၾကာင့္ ဒုရဲအုပ္ သန္းလင္းဦးတြင္ ယာဘက္ပခုံးမွာ ရွပ္ထိဒဏ္ရာ (၂)ခ်က္၊ ဘယ္ဘက္ခ်ိဳင္းေအာက္တြင္ ရွပ္ထိဒဏ္ရာ ၁ ခ်က္ (မစိုးရိမ္ရ)လို႔သိရတယ္။
ဒုရဲအုပ္သန္းလင္းဦးေမာင္းႏွင့္တဲ့ ရဲကားေရွ႕မွန္က်ည္ေဖာက္ဝင္ (၂)ခ်က္၊ ေဘးတံခါးေပါက္မွ က်ည္ေဖာက္ဝင္ (၂)ခ်က္ပစ္ခတ္ခံရပါတယ္။
ဒဏ္ရာကို နယ္ေျမခံ ခလရ (၂၆၉)တပ္က ေဆးအရာခံဗိုလ္နဲ႔ ေဆးတပ္သားေတြက ရဲစခန္းမွာ ကုသေပးတယ္လို႔ ယင္းရဲေၾကးနန္းစာတြင္ေဖာ္ျပထားပါတယ္။