သက်ငယ်မုဒိမ်းမှုကျူးလွန်ဟုစွပ်စွဲထားသော ဧဝံဂေလိဆရာတော်ကို ဒုတိယအကြိမ်ရုံးထုတ်မည်

သက်ငယ် မိန်းကလေးနှစ်ဦးကိုမုဒိမ်းမှုကျူးလွန်သည်ဟုစွပ်စွဲထားသော ဧဝံဂေလိဆရညတော် Lal Biak Lar@ Lar Boih ကို ပထမရမန်ရက်စေ့၍ ဧပြီလ(၂၇)ရက်နေ့တွင် ဒုတိယအကြိမ် ကလေးမြို့ ခရိုင်တရားရုံးတွင် ရုံးထုတ်မည်ဟုသတင်းရရှိသည်။

“မနက်ဖြန်တော့ ယောကျ်ားလေးဘက်ကိုပဲစစ်မယ်။ ဒီနေ့ မိန်းကလေးနှစ်ယောက်ကို ဆေးရုံမှာ ဓာတ်မှန်ရိုက်ဖို့ ဆရာဝန်ခေါ်ထားတယ်” ဟုမုဒိမ်းကျင့်ခံရသည်ဟုအမှုဖွင့်သူဘက်ကပါဝင် ဆောင်ရွက်သူ ဦးပါလိန်းကပြောသည်။ကလေးမြို့နယ် လက်ပံချောင်းကျေးရွာတွင်နေထိုင်သော ဧဝံဂေလိဆရာတော် Lal Biak Lar@Lar Boih သည် ၎င်းနေအိမ်တွင် ဖလမ်းမြို့နယ်မှ လာရောက်နေထိုင်သော မိုင်…..(၁၅)နှစ်ကို ၂၀၁၅ ခုနှစ် ဇွန်လပိုင်းတွင်လည်းကောင်း၊မိုင်……(၁၄)နှစ်ကို ၂၀၁၈ ခုနှစ် ဧပြီလတွင်လည်းကောင်း အဓမ္မပြုကျင့်ရန်ကြိုးစားအားထုတ်မှု၊ နာကျင်စေမှုတို့ကြောင့် ကလေးမြို့နယ် ရဲစခန်းမှ ပုဒ်မ (၃၇၆/၅၁၁)၊ (၃၂၃)၊ (၅၀၆) တို့ဖြင့် ဧပြီလ(၁၃)ရက်တွင် အမှုဖွင့်ဖမ်းဆီးခဲ့သည်။

နောက်ဆုံးရသတင်းများ

နိုင်ငံတကာကနေ ငလျင်ဘေးအတွက် အကူအညီ တန်ချိန် ၃၃၈၀ ကျော်ရရှိထား

၁၅၊ ဧပြီ၊ ၂၀၂၅ Zalen နိုင်ငံတကာကကနေ ငလျင်အတွက် လူသားချင်းစာနာမှုအကူအညီ တန်ချိန် ၃၃၈၀ ကျော်ရရှိထားပြီဖြစ်တယ်လို့ စစ်ကောင်စီက ဧပြီလ ၁၄ ရက်နေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက် နိုင်ငံ ၂၄ နိုင်ငံက အထောက်အပံ့ ...

ဆက်ဖတ်ရန်