သက်ငယ်မုဒိမ်းမှုပုဒ်မနဲ့တရားဆွဲတင်ထားတဲ့ ဧဝံဂေလိတရားဟောဆရာ ရုံးချိန်းရက် ပြန်ရွေ့

သက်ငယ်မုဒိမ်းမှုအပါအဝင် ပုဒ်မ(၄)ခုနဲ့ ကလေးခရိုင်တရားရုံးက တရားဆွဲတင်ထားတဲ့ ဧဝံဂေလိတရားဟောဆရာ Lar Boih ရုံးချိန်းရက်ကို ရွေ့ဆိုင်းခဲ့ရတယ်လို့သိရပါတယ်။

မေလ(၂၅)ရက်မှာ ဧဝံဂေလိတရားဟောဆရာကို ကလေးခရိုင်တရားရုံးက ပထမဆုံးအကြိမ် အမှုစစ်ဖို့ မေလ(၁၁)ရက်က ချိန်းထားပေမယ့် တရားသူခရီးလွန်နေတာကြောင့် ပြန်လည်ရွေ့ဆိုင်းခဲ့ရခြင်းဖြစ်ပါတယ်။

“ခရိုင်တရားသူကြီးက မုံရွာဆင်းတာကြောင့် သူပြန်လာတဲ့ချိန်မှပဲ အမှုပြန်စစ်မယ်လို့သိရပါတယ်။ ဘယ်နေ့ရုံးချိန်းလဲတော့ ပြန်မပြောထားဘူး။ နောက်ပတ် ဒါမှမဟုတ် ဇွန်လဆန်းဘက်ဖြစ်နိုင်တယ်”လို့တရာလိုဘက်က ဆွေမျိုးတစ်ယောက်ကပြောပါတယ်။

Evan. S Lar Boih

ဧဝံဂေလိတရားဟောဆရာကို တရားစွဲတင်လိုက်တဲ့ ပုဒ်မတွေကတော့ ပုဒ်မ ၃၇၆(မုဒိမ်းမှု)၊ ၃၂၃(နာကျင်စေမှု)၊ ၅၀၆(ခြိမ်းခြောက်မှု)၊ ၃၇၆/၅၁၁(အားထုတ်မှု) တို့ဖြစ်ပါတယ်။ ပုဒ်မ ၃၇၆(မုဒိမ်းမှု)ဟာ အမြင့်ဆုံး ထောင်ဒဏ်နှစ်(၂၀)ထိချမှတ်နိုင်တယ်။

Zalen ad

ကလေးမြို့နယ် လက်ပံချောင်းရွာမှာနေထိုင်တဲ့ ဧဝံဂေလိတရားဟောဆရာ Lal Biak Lar@ Lar Boih ဟာ ဖလမ်းမြို့နယ်ကနေ ၎င်းတို့နေအိမ်မှာလာရောက်နေထိုင်တဲ့ မိုင်….(၁၅နှစ်)ကို ၂၀၁၅ ခုနှစ် ဇွန်လပိုင်းမှာလည်းကောင်း၊ မိုင်….(၁၄နှစ်)ကို ၂၀၁၈ ခုနှစ် ဧပြီလမှာလည်းကောင်း အဓမ္မပြုကျင့်တယ်လို့ဆိုကာ ဧပြီလ(၁၃)ရက်တွင် ကလေးမိဘတွေကိုယ်တိုင်က တာဟန်းရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်