သီဘွာလ်တပ်စခန်းအနီး မြေမြုပ်မိုင်းကို နွားနောက်နှင်မိ၍ ဗုံး ၂ လုံးပေါက်ကွဲ

ဖလမ်းမြို့နယ် ဖလမ်း-ရိနယ်စပ်လမ်းမပေါ်မှာရှိတဲ့ သီဘွာလ်ကျေးရွာက တပ်စခန်းအပြင်ဘက်မှာ ထောင်ထားတဲ့မြေမြုပ်မိုင်းကို နွားနောက်တစ်ကောင်က မနေ့ စက်တင်ဘာ ၁၂ ရက်ည ၈ နာရီခန့်က နှင်မိ၍ ဗုံး ၂ လုံးပေါက်ကွဲသွားတယ်လို့သတင်းရရှိပါတယ်။

ဒေသခံရွာသားတစ်ဦးက “မနေ့ညက တပ်စခန်းဘက်ကနေ ဗုံးပေါက်ကွဲသံ ၂ ကြိမ်ကြားရတယ်။ ညအချိန်ဆိုတော့ ဘယ်သူမှအပြင်မထွက်ရဲကြဘူး။ မနက်မိုးလင်းတဲ့ချိန်မှာ သွားကြည့်တော့ ရွာသား ဦးအလ်ကြီးရဲ့နွားနောက်တကောင် စခန်းအဘက်ပြင်မှာ ဒဏ်ရာနဲ့သွားတွေ့တယ်။ နွားနောက်ကိုတော့ သတ်ကြတယ်” လို့ပြောပါတယ်။

သီဘွာလ်ကျေးရွာတွင် ရဲကင်းစခန်းနဲ့ တပ်စခန်းရှိပေမယ့် ရဲတွေအားလုံး CDM ပါဝင်ကြတာကြောင့် တပ်စခန်းမှာ စကစ တပ် ၁၀ ယောက်ဝန်းကျင်သာရှိတယ်လို့သိရတယ်။

(Zawgyi)

Zalen ad

သီဘြာလ္တပ္စခန္းအနီး ေျမျမဳပ္မိုင္းကို ႏြားေနာက္ႏွင္မိ၍ ဗုံး ၂ လုံးေပါက္ကြဲ

ဖလမ္းၿမိဳ႕နယ္ ဖလမ္း-ရိနယ္စပ္လမ္းမေပၚမွာရွိတဲ့ သီဘြာလ္ေက်းရြာက တပ္စခန္းအျပင္ဘက္မွာ ေထာင္ထားတဲ့ေျမျမဳပ္မိုင္းကို ႏြားေနာက္တစ္ေကာင္က မေန႔ စက္တင္ဘာ ၁၂ ရက္ည ၈ နာရီခန႔္က ႏွင္မိ၍ ဗုံး ၂ လုံးေပါက္ကြဲသြားတယ္လို႔သတင္းရရွိပါတယ္။

ေဒသခံရြာသားတစ္ဦးက “မေန႔ညက တပ္စခန္းဘက္ကေန ဗုံးေပါက္ကြဲသံ ၂ ႀကိမ္ၾကားရတယ္။ ညအခ်ိန္ဆိုေတာ့ ဘယ္သူမွအျပင္မထြက္ရဲၾကဘူး။ မနက္မိုးလင္းတဲ့ခ်ိန္မွာ သြားၾကည့္ေတာ့ ရြာသား ဦးအလ္ႀကီးရဲ့ႏြားေနာက္တေကာင္ စခန္းအဘက္ျပင္မွာ ဒဏ္ရာနဲ႔သြားေတြ႕တယ္။ ႏြားေနာက္ကိုေတာ့ သတ္ၾကတယ္” လို႔ေျပာပါတယ္။

သီဘြာလ္ေက်းရြာတြင္ ရဲကင္းစခန္းနဲ႔ တပ္စခန္းရွိေပမယ့္ ရဲေတြအားလုံး CDM ပါဝင္ၾကတာေၾကာင့္ တပ္စခန္းမွာ စကစ တပ္ ၁၀ ေယာက္ဝန္းက်င္သာရွိတယ္လို႔သိရတယ္။

 

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်