သုံးနှစ်ကျော်အတွင်း နေအိမ်အပါအ၀င် ပိုင်ဆိုင်မှု တစ်ထောင်ကျော် ချိပ်ပိတ်သိမ်းဆည်းခံရ

၂၈၊ စက်တင်ဘာ၊ ၂၀၂၄

Zalen

အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်အတွင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ အပါအ၀င် ပိုင်ဆိုင်မှု ၁၀၁၄ ခုကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ NLD ပါတီက စက်တင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ၁၉၉ ဦး၊ ပါတီဝင် ၂၅၀ ဦး၊ အရပ်သား၃၃၄ ဦး စုစုပေါင်း ၈၃၃ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ပါ၀င်တယ်လို့ ဆိုပါတယ်။

ဆုံးရှုံးနစ်နာခဲ့ရတဲ့ ပိုင်ဆိုင်မှုတွေထဲမှာတော့ အိမ်နဲ့ ခြံက ၈၂၆ ခု၊ လုပ်ငန်းပိုင်ဆိုင်မှုတွေက ၁၃၅ ခုနဲ့ ယာဉ်အစီးရေ ၅၃ စီးပါဝင်တယ်လို့ NLD ရဲ့ လူ့အခွင့်အရေး မှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT-NLD) က ဖော်ပြပါတယ်။

NLD ပါတီရဲ့ ရုံးချုပ်၊ မြို့နယ်ရုံး၊ ကျေးရွာရုံးတွေ ၁၆၅ ကြိမ်အထိ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်‌ကြောင့် NLD ပါတီဝင် ၁၀၇ ဦးသတ်ဖြတ်ခံခဲ့ရပြီး လွှတ်တော်ကိုယ်စားလှယ် ၅၇ နဲ့ NLD ပါတီဝင် ၁၅၄၄ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ HRDT-NLD ရဲ့ စာရင်းတွေမှာ ဖော်ပြထား ပါတယ်။

နေညို

နောက်ဆုံးရသတင်းများ

ZZLMS နယ်မြေအတွင်းရှိလူငယ်လူရွယ်များအတွက် ခရီးသွားလာခွင့်ကန့်သတ်

ဒီဇင်ဘာ ၂၀၊ ၂၀၂၅ Zalen ချင်းပြည်နယ် အလယ်ပိုင်းမှာရှိတဲ့ ZZLMS နယ်မြေဧရိယာအတွင်းရှိ လူငယ်များအနေဖြင့် တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ထမ်းဆောင်ကြရန် ဖိတ်ခေါ်ထားပြီး ခရီးသွားလာခွင့်ကိုလည်းကန့်သတ်ကြောင်း ZZLMS က ဒီကနေ့ထုတ်ပြန်ပါတယ်။ ZZLMS ဟာ ဇိုတုန်၊ ဇိုဖဲ၊ ...

ဆက်ဖတ်ရန်