သံဖိုရွာအနီးတွင် စကစတပ်က ပိုက်ဆံ ၈ သိန်းနီးပါးပါလာတဲ့ကောင်လေးအပါအဝင်ရွာသား ၅ ယောက်အကြောင်းမဲ့ဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ကလေး-ဂန့်ဂေါလမ်းမပေါ်ရှိ သံဖိုနဲ့ ရန်ကြီးအောင်ရွာနားက အကြမ်းဖက်စစ်ကောင်စီတပ် ဂိတ်တွင် နိုင်ငံခြားရောက်အမတစ်ယောက်ပို့လာတဲ့ပိုက်ဆံ ၇၈၀,၀၀၀ ကျော်ထုတ်လာတဲ့ ဖလမ်းမြို့နယ်က လူငယ်တစ်ယောက်အပါအဝင် သံဖိုရွာသား ၅ ယောက်ကို အောက်တိုဘာ ၂၃ ရက် စနေနေ့ကအကြောင်းမဲ့ ဖမ်းဆီးပြီး ၆ ရက်ကြာတဲ့ ယနေ့ထိ ၄င်းတို့သတင်းအစအနမရလို့ မိသားစုဝင်တွေစိုးရိမ်ပူပန်ကြတယ်လို့ ဒေသခံတွေထံမှသတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၃ ရက် စနေနေ့ မနက် ၈ နာရီမှာ ဖလမ်းမြို့နယ် ခုပ်လဲင် (Khuplem khua) ရွာသား ဆလိုင်းဗန်မွှေးကြွောင် (Salai Van Hmui Cuang) ၁၆ နှစ်ဟာ နိုင်ငံခြားက ၄င်းအမပို့လာတဲ့ ပိုက်ဆံ ၇၈၀,၀၀၀ ကျော်ကိုထုတ်ပြီး ရွာသို့ပြန်တဲ့လမ်း သံဖိုနဲ့ ရန်ကြီးအောင်ရွာအထွက် အကြမ်းဖက် စစ်ကောင်စီတပ်တို့ စခန်းချရာ ဂိတ်မှာ စကစတပ်တွေက စစ်ဆေးပြီး ၄င်းပိုက်ဆံကိုလုယူကာ ပိုင်ရှင်ကိုလည်းဖမ်းဆီးလိုက်ပါတယ်။ ဒီသတင်းကိုကြားတဲ့ သံဖိုကျေးရွာက ဆလိုင်းဗန်မွှေးကြွောင်ရဲ့ဆွေမျိုးနှစ်ယောက်ဖြစ်တဲ့ ဦးဗန်သင်ခုပ် (၅၀ နှစ်ကျော်) နဲ့ ဦးယောလိန်း (၃၀ နှစ်ကျော်) တို့က ယင်းနေ့ နေ့ မနက် ၁၁ နာရီလောက်တွင် စကစတပ်ဂိတ်သို့ ဖမ်းဆီးခံရတဲ့လူငယ်ကိုကယ်ထုတ်ဖို့သွားရောက်တဲ့ချိန်မှာ ၄င်းတို့ ၂ယောက်ကိုလည်း ထပ်မံဖမ်းဆီးကြပါတယ်။ ဒါ့ပြင် ယင်းနေ့ နေ့လည် ၁၂ နာရီခွဲလောက်တွင် သံဖိုရွာကနေ ပစ္စည်းဝယ်ဖို့ဆိုင်ကယ်နဲ့သွားတဲ့ သံဖိုရွာသား ဦးကျူံးလျန်ဆန် (၃ဝကျော်) နဲ့ ဦးဇော်မင်းထွဋ် (၃ဝကျော်) တို့ကိုလည်း အကြောင်းမဲ့ ထပ်မံဖမ်းဆီးကြပါတယ်။

ဒေသခံရွာသားတစ်ယောက်က “သူတို့ဖမ်းခံရတဲ့နေ့ကဆိုရင် ရွာထဲမှာ စစ်သားတွေအများကြီးဝင်လာပြီးတော့ အိမ်တွေဝင် မွှေကြတာ။ ရွာသားတွေအကုန်ထွက်ပြေးကြတယ်။ သူတို့နဲ့ပတ်သက်ပြီး ၆ ရက်ကြာတဲ့ထိ ဘာသတင်းအစအနမှမသိရတော့ ထိုင်စောင့်နေယုံပါပဲ။ အပြစ်မဲ့ ပြည်သူတွေဆိုတော့ အမြန်ဆုံးလွတ်စေချင်တယ်။ မိသားစုတွေဆီ အမြန်ပြန်ရောက်စေချင်တယ်။ ပထမဆုံး ဖမ်းဆီးခံရတဲ့ကောင်လေးမှအပ ကျန်တဲ့လူတွေက ဇနီးနဲ့ သားသမီးတွေရှိတယ်။ မိသားစုဝင်တွေကတော့ ငိုယိုနေကြတယ်” လို့ပြောပါတယ်။

သံဖိုနဲ့ရန်ကြီးအောင်ကျေးရွာအကျော် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းချရာဂိတ်တွင် ရဲနဲ့ စစ်သား ၃၀ ကျော်ပုံမှန်ရှိပါတယ်။

Zawgyi

သံဖိုရြာအနီးတြင္ စကစတပ္က ပိုက္ဆံ ၈ သိန္းနီးပါးပါလာတဲ့ေကာင္ေလးအပါအဝင္ရြာသား ၅ ေယာက္အေၾကာင္းမဲ့ဖမ္းဆီး

စစ္ကိုင္းတုိင္းေဒသၾကီး၊ ကေလးၿမိဳ႕နယ္ ကေလး-ဂန္႔ေဂါလမ္းမေပၚရွိ သံဖိုနဲ႔ ရန္ၾကီးေအာင္ရြာနားက အၾကမ္းဖက္စစ္ေကာင္စီတပ္ ဂိတ္တြင္ ႏိုင္ငံျခားေရာက္အမတစ္ေယာက္ပို႔လာတဲ့ပိုက္ဆံ ၇၈၀,၀၀၀ ေက်ာ္ထုတ္လာတဲ့ ဖလမ္းၿမိဳ႕နယ္က လူငယ္တစ္ေယာက္အပါအဝင္ သံဖိုရြာသား ၅ ေယာက္ကို ေအာက္တိုဘာ ၂၃ ရက္ စေနေန႔ကအေၾကာင္းမဲ့ ဖမ္းဆီးၿပီး ၆ ရက္ၾကာတဲ့ ယေန႔ထိ ၄င္းတို႔သတင္းအစအနမရလို႔ မိသားစုဝင္ေတြစိုးရိမ္ပူပန္ၾကတယ္လုိ႔ ေဒသခံေတြထံမွသတင္းရရွိပါတယ္။

ျဖစ္စဥ္မွာ ေအာက္တိုဘာလ ၂၃ ရက္ စေနေန႔ မနက္ ၈ နာရီမွာ ဖလမ္းၿမိဳ႕နယ္ ခုပ္လဲင္ (Khuplem khua) ရြာသား ဆလုိင္းဗန္ေမႊးေၾကြာင္ (Salai Van Hmui Cuang) ၁၆ ႏွစ္ဟာ ႏိုင္ငံျခားက ၄င္းအမပို႔လာတဲ့ ပိုက္ဆံ ၇၈၀,၀၀၀ ေက်ာ္ကိုထုတ္ၿပီး ရြာသုိ႔ျပန္တဲ့လမ္း သံဖိုနဲ႔ ရန္ၾကီးေအာင္ရြာအထြက္ အၾကမ္းဖက္ စစ္ေကာင္စီတပ္တို႔ စခန္းခ်ရာ ဂိတ္မွာ စကစတပ္ေတြက စစ္ေဆးၿပီး ၄င္းပိုက္ဆံကိုလုယူကာ ပိုင္ရွင္ကိုလည္းဖမ္းဆီးလိုက္ပါတယ္။ ဒီသတင္းကိုၾကားတဲ့ သံဖိုေက်းရြာက ဆလုိင္းဗန္ေမႊးေၾကြာင္ရဲ႕ေဆြမ်ဳိးႏွစ္ေယာက္ျဖစ္တဲ့ ဦးဗန္သင္ခုပ္ (၅၀ ႏွစ္ေက်ာ္) နဲ႔ ဦးေယာလိန္း (၃၀ ႏွစ္ေက်ာ္) တို႔က ယင္းေန႔ ေန႔ မနက္ ၁၁ နာရီေလာက္တြင္ စကစတပ္ဂိတ္သို႔ ဖမ္းဆီးခံရတဲ့လူငယ္ကိုကယ္ထုတ္ဖို႔သြားေရာက္တဲ့ခ်ိန္မွာ ၄င္းတို႔ ၂ေယာက္ကိုလည္း ထပ္မံဖမ္းဆီးၾကပါတယ္။ ဒါ့ျပင္ ယင္းေန႔ ေန႔လည္ ၁၂ နာရီခြဲေလာက္တြင္ သံဖိုရြာကေန ပစၥည္းဝယ္ဖို႔ဆုိင္ကယ္နဲ႔သြားတဲ့ သံဖိုရြာသား ဦးက်ဴံးလ်န္ဆန္ (၃၀ေက်ာ္) နဲ႔ ဦးေဇာ္မင္းထြဋ္ (၃၀ေက်ာ္) တုိ႔ကိုလည္း အေၾကာင္းမဲ့ ထပ္မံဖမ္းဆီးၾကပါတယ္။

ေဒသခံရြာသားတစ္ေယာက္က “သူတို႔ဖမ္းခံရတဲ့ေန႔ကဆိုရင္ ရြာထဲမွာ စစ္သားေတြအမ်ားၾကီးဝင္လာၿပီးေတာ့ အိမ္ေတြဝင္ ေမႊၾကတာ။ ရြာသားေတြအကုန္ထြက္ေျပးၾကတယ္။ သူတို႔နဲ႔ပတ္သက္ၿပီး ၆ ရက္ၾကာတဲ့ထိ ဘာသတင္းအစအနမွမသိရေတာ့ ထုိင္ေစာင့္ေနယံုပါပဲ။ အျပစ္မဲ့ ျပည္သူေတြဆိုေတာ့ အျမန္ဆံုးလြတ္ေစခ်င္တယ္။ မိသားစုေတြဆီ အျမန္ျပန္ေရာက္ေစခ်င္တယ္။ ပထမဆံုး ဖမ္းဆီးခံရတဲ့ေကာင္ေလးမွအပ က်န္တဲ့လူေတြက ဇနီးနဲ႔ သားသမီးေတြရွိတယ္။ မိသားစုဝင္ေတြကေတာ့ ငိုယိုေနၾကတယ္” လို႔ေျပာပါတယ္။

သံဖိုနဲ႔ရန္ၾကီးေအာင္ေက်းရြာအေက်ာ္ အၾကမ္းဖက္စစ္ေကာင္စီတပ္စခန္းခ်ရာဂိတ္တြင္ ရဲနဲ႔ စစ္သား ၃၀ ေက်ာ္ပံုမွန္ရွိပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်