ဟားခါးမြို့မှာ မကြာခင် သားဖွားသင်တန်းကျောင်းဆောက်မယ်

ပြည်ထောင်စုဘတ်ဂျက်နဲ့ ဟားခါးမြို့မှာ မကြာခင် သားဖွားသင်တန်းကျောင်းဆောင် စဆောက်တော့မယ်လို့ ချင်းပြည်နယ်လူမှုရေးဝန်ကြီးထံမှသတင်းရရှိပါတယ်။

ဟားခါးမြို့ သားဖွားသင်တန်းကျောင်းဆောက်ဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ်သန်း(၉၀၀)ကျော်ချထားပါတယ်။

အဆိုပါ သင်တန်းကျောင်းကို ဟားခါးပညာရေးကောလိပ်ကျောင်းအနီး ဧက(၂၃)အကျယ်အဝန်းပေါ်တွင်တည်ဆောက်မှာဖြစ်ပါတယ်။

ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က “မကြာခင် သင်တန်းကျောင်းတည်ဆောက်မယ့် ကုမ္မဏီတွေ တင်ဒါခေါ်တော့မယ်။ မြေနေရာလည်း လုံလုံလောက်လောက်ရှိတယ်။ ခုချိန် ချင်းပြည်နယ်မှာ သားဖွားဆရာမတွေအရမ်းလိုအပ်နေတယ်။ ကျောင်းဖွင့်ရင်တော့ တစ်နှစ်ကို အနည်းဆုံးကျောင်းသူ (၅၀)ကျော်ခေါ်မယ်”လို့ပြောပါတယ်။

Zalen ad

ချင်းပြည်နယ်မှာ ဖလမ်းမြို့တွင် သူနာပြုသင်တန်းကျောင်းတစ်ခုသာရှိပြီး သားဖွားသင်တန်းကျောင်းမရှိသေးပေ။

နောက်ဆုံးရသတင်းများ

ကလေးမြို့နယ်မှာ နှစ်ပေါင်း ၄၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းအိုးခွက်၊ ရုပ်ကြွင်းများ တွေ့ရှိ၊ ပြတိုက်ငယ် ပြုလုပ်ထား

မေ ၂၆၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ အလယ်ရေရှင်ဒေသမှာ နှစ်ပေါင်း ၄၀၀ မှ ၆၀၀ ဝန်းကျင် (အင်းဝခေတ်နဲ့ တောင်ငူခေတ်ကာလ) သက်တမ်းရှိပြီလို့ယူဆရတဲ့ ရှေးဟောင်းရုပ်ကြွင်းတွေနဲ့ သမိုင်းဝင်အထောက်အထားတွေကို မကြာသေးမီက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ...

ဆက်ဖတ်ရန်