ဟားခါး-ဖလမ်းလမ်းကြား ကျောက်တုံးပြိုကျ၍ ကားများပိတ်သဖြင့် မိုင်းခွဲရန်စီစဉ်နေ

ဟားခါး-ဖလမ်းလမ်းကြား ကျောက်တုံးပြိုကျ၍ ကားများပိတ်သဖြင့် မိုင်းခွဲရန်စီစဉ်နေ

Photo: Jonathan Biak Thawng Lian

ဟားခါးမြို့နယ် ချွန်ကျူံးရွာအနီးမှာ ဟားခါး-ကလေးကားလမ်းမပေါ်တွင် ကျောက်တုံးများပြိုကျတာကြောင့် ကားလမ်းပိတ်သဖြင့် မိုင်းခွဲရန်စီစဉ်နေတယ်လို့ ခရီးသည်တွေဆီမှသတင်းရရှိပါတယ်။

ကျောက်တုံးပြိုကျတဲ့နေရာက ဟားခါး နဲ့ ချွန်ကျူံးအကြား စတော်ဘယ်ရီခြံအနီးတွင်ဖြစ်ပြီး ယမန်နေ့ကတည်းက စပြီး အနည်းငယ်ပြိုကျနေပြီလို့သိရပါတယ်။

ဟားခါးမှဖလမ်းမြို့သို့သွားမယ့်ခရီးသည်တစ်ဦးက “ကျနော်တို့ကားရောက်သွားတာက မနက် ၉ နာရီကျော်ကျော်ဖြစ်မယ်။ ကားလမ်းပိတ်တာက မနက်ကတည်းပါ။ စက်ကြီးတစ်စီးတော့ရှိတယ်။ ဒါပေမယ့် ကျောက်တုံးက အရမ်းကြီးတယ်။ ဒါကြောင့် မိုင်းခွဲဖို့ ကျောက်ကိုအပေါက်ဖောက်နေကြတယ်။ ကားတော့သွားလို့မရဘူး။ လမ်းဘေးလည်းမြေသားပျော့တော့ စိတ်မချရဘူး။ ဆိုင်ကယ်ပဲဖြတ်သွားခွင့်ပြုတယ်” လို့ပြောပါတယ်။

Zalen ad

ဟားခါးမှ ကလေးမြို့ဘက်သို့ဆင်းမယ့် ကား အစီး ၂၀ ကျော်ပိတ်မိနေပါပြီ။

နောက်ဆုံးရသတင်းများ

ပင်တဂွန်က လျှို့ဝှက် UFO ဖိုင် ၁၆၀ ကျော် ထုတ်ပြန် ၊ ဂြိုဟ်သားအမှန်တကယ်ရှိနေပြီလားဆိုတာ ကမ္ဘာတဝန်း လူစိတ်ဝင်စားမှုမြှင့်တက်လျက်ရှိ

မေ ၉၊ ၂၀၂၆ Zalen နှစ်ပေါင်းများစွာ လူတွေကြား ထင်မြင်ချက်အမျိုးမျိုးနဲ့ ပြောဆိုနေကြတဲ့ UFO အကြောင်းကို အမေရိကန် ပင်တဂွန်ဘက်က တိတ်တဆိတ်မနေတော့ဘဲ စာရွက်စာတမ်း ၁၆၀ ကျော်ကို မနေ့က မေ ၈ရက်နေ့မှာ တရားဝင် ...

ဆက်ဖတ်ရန်