အခုကစပြီးနောက်နှစ် ဇွန်လထိ အယ်လ်နီညို ဖြစ်မယ်

သာမန်ထက်အပူချိန်လွန်ကဲတဲ့ရာသီ အယ်လ်နီညိုဟာ အခုကစပြီးနောက်နှစ် ဇွန်လထိသွားမယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က 7 Day ဂျာနယ်မှာပြောသွားပါတယ်။

ဒေါက်တာထွန်းလွင်က “ရာသီဥတုအခြေအနေက အသေးစိတ်ပြောလို့တော့ မရသေးဘူး။ ဘာကြောင့်လဲဆို အယ်လ်နီညိုက ဖြစ်နေပေမယ့် အားသိပ်မကောင်းလို့။သတင်းတွေကတော့ ထူးခြားတာနဲ့ အသိပေးမယ်။ ၂၀၁၉ ဟာ ပြီးခဲ့တဲ့ နှစ်မိုးပိုနည်းနိုင်တယ်။ ရာသီဥတုက ပုံမှန်အတိုင်းတော့မရှိတာ သေချာတယ်။ များသောအားဖြင့် ဆိုးတဲ့ဘက်ကို ပါမယ်။ အယ်လ်နီညိုနှစ် ဖြစ်နေလို့ ပုံမှန်နှစ်တွေထက် အအေးပေါ့မယ်”လို့ပြောပါတယ်။

အယ်လ်နီညိုစောင့်ကြပ်ကြည့်ရှုရေးအဖွဲ့ (NOAA)ရဲ့ (၅-၁၁-၂၀၁၈)ရက်နေ့ထုတ်ပြန်ချက်အရ
NINO 4 SSTA = + 1.1°C EL NINO 100%
NINO 3-4 SSTA = + 1.1°C EL NINO 100%
NINO 3 SSTA = + 0.9°C EL NINO 100%
NINO 1-2 SSTA = + 0.3°C EL NINO 60%

Zalen ad

ကမ္ဘာ့မြောက်ဖက်ခြမ်းဒေသဆောင်းရာသီကာလအတွင်း ပစိဖိတ်သမုဒ္ဒရာတွင် အယ်လ်နီညိုဖြစ်ရန် သေချာမှု ၇၀-၇၅% ခန့်ရှိနေပါတယ်။ ပစိဖိတ်သမုဒ္ဒရာအနောက်ဖက်မှရေနွေးများ အရှေ့ဖက်ကမ်းခြေရောက်အောင် တိုးဝင်လာခဲ့ပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်