အတင်းအဓမ္မစစ်သားစုဆောင်းမှုတွေကို အရေးယူပေးဖို့နဲ့ လူသားချင်းစာနာကြဖို့ နိုင်ငံတကာကို NUG တောင်းဆို

၄၊ မတ်၊ ၂၀၂၅

Zalen

စစ်ကောင်စီတပ်က အတင်းအဓမ္မစစ်သားစုဆောင်းနေတဲ့ လုပ်ရပ်ဟာ လူ့အခွင့်အရေးချိုးဖောက် တာဖြစ်ပြီး အရေးယူပေးကြဖို့ နိုင်ငံတကာကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က တောင်းဆိုလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ရဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားခြင်း အစီအစဉ်ကနေ တစ်ဆင့် အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

Zalen ad

စစ်ကောင်စီတပ်ဟာ လူငယ်တွေကို ပေါ်တာဆွဲတာ၊ အိမ်နီးချင်းနိုင်ငံတွေက ပြန်ပို့လာသူတွေကို စစ်မှုထမ်းစေတာ၊ အမျိုးသမီးတွေကိုပါ စစ်မှုထမ်းစေဖို့ စတင်လာတာ၊ အကျဉ်းထောင်တွင်းက လူငယ်တွေကို ဓမ္မစစ်သားစုဆောင်းတာ၊ လူငယ်တွေရဲ့ နိုင်ငံတကာ ထွက်ခွာမှုကို ပိတ်ပင်တာ၊ ပြည်ပရောက်နေသူတွေကို သံရုံးတွေကတဆင့် အကြပ်ကိုင်ပြီး တိုင်းပြည်အတွင်း ပြန်လည်ဝင်ရောက် စစ်မှုထမ်းစေဖို့ ကြိုးပမ်းတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အိမ်နီးချင်းနိုင်ငံတွေအအနေနဲ့လည်း အကြောင်းမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီလက်ထဲ ပြန်လည်အပ်နှံတာဟာ သေတွင်းထဲကို ပြန်ပို့တာနဲ့ အတူတူပဲ ဖြစ်တာကြောင့် မိခင်နိုင်ငံကို ပြန်ပို့ခံရချိန်မှာ အသက်အန္တရယ်ကျရောက်နိုင်ရင် ပြန်ပို့တာကို တားမြစ်တဲ့ ဥပေဒညွှန်ကြားချက်တွေအရ လုပ်ဆောင်တာအပါအဝင် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် ကူညီစောင့်ရှောက်ပေးကြဖို့ NUG က မေတ္တာရပ်ခံပါတယ်။

စစ်ကောင်စီရဲ့လုပ်ရပ်ဟာ နိုင်ငံနဲ့ချီပြီး ကျူးလွန်နေတဲ့ အဓမ္မအလုပ်စေခိုင်းမှုဖြစ်ပြီး ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တာကြောင့် နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အလုပ်သမားရေးရာ အဖွဲ့တွေက ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ကြဖို့ NUG က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် စစ်သားစုဆောင်းထားသူတွေကို လအနည်းငယ်ခန့်ပဲ စစ်သင်တန်းတက်စေပြီးတော့ ချက်ခြင်း ရှေ့တန်းစစ်မျက်နှာတွေကို စေလွှတ်ပြီး လူသားဒိုင်းသဖွယ် အသုံးပြုနေတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။

NUG အနေနဲ့လည်း စစ်မှုထမ်းစုဆောင်းခံရပြီးနောက် ပြန်လည်ထွက်ပြေးလွတ်မြောက်လာသူတွေကို ကူညီဆောင်ရွက်ပေးနေတယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

Mary

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်ကိုလေကြောင်း တိုက်ခိုက်မှု ပြုလုပ်မည်ဟု ဦးလှဆွေ ခြိမ်းခြောက်

မေ ၈၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရောက်ရှိနေသဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်သွားမှာဖြစ်တယ်လို့ စစ်တပ်ထောက်ခံသူ ဘူးလက်လှဆွေက ခြိမ်းခြောက်ထားပါတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဟာ ကျောက်တော်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုပြင်းထန်ပြီးနောက် ...

ဆက်ဖတ်ရန်