အမေရိကန်မှာကျင်းပမယ့် ADMM-Plus ရေကြောင်းလုံခြုံရေးညီလာခံမှာ စစ်ကောင်စီကိုဖိတ်ကြားတဲ့ပေါ် Defend Myanmar Democracy ကကန့်ကွက်စာပေးပို့

အမေရိကန်ပြည်ထာင်စု ဟာ၀ါရီကျွန်းမှာ လာမယ့် စက်တင်ဘာ ၁၂-၁၄ ရက်အထိ ပြုလုပ်မယ့် 19th ADMM-Plus Maritime Security Conference နဲ့Future Leaders’ Programme သို့ တက်ရောက်ဖို့ မြန်မာစစ်တပ်ကို ဖိတ်ကြားထားတဲ့အပေါ် ကန့်ကွက်ကြောင်း Defend Myanmar Democracyကစက်တင်ဘာ ၇ ရက်က စာပေးပို့ထားပါတယ်။

ယင်းစာကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ထံ လိပ်မူပေးပို့ခဲ့တာဖြစ်ပြီး ၊ နိုင်ငံခြားရေးနှင့် ကာကွယ်၀န်ကြီးများထံသို့လည်း မိတ္တူပေးပို့ခဲ့ပါတယ်။ 

ဒီ စစ်ဘက်ဆိုင်ရာ ညီလာခံ ကနေ စစ်ရာဇ၀တ်မှုနှင့် နှင့် လူးသားမျိုးနွယ်အပေါ် ရာဇ၀တ်မှုကျူးလွန်ထားတဲ့ မြန်မာစစ်တပ်ကို ဖယ်ထုပ်ပေးဖို့ အိမ်ရှင်နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုသို့  Defend Myanmar Democracy က စာပေးဖို့ခဲ့တာပါ။

၎င်းတို့ ပေးပို့တဲ့စာထဲတွင် ဟာဝိုင်ရီမှာ ကျင်းပမယ့် ADMM-Plus အစည်းအဝေးတွေကနေ မြန်မာစစ်တပ်ကို ဖယ်ထုတ်ဖို့၊ ဒါမှမဟုတ် ဒီပွဲကို ဖျက်သိမ်းဖို့နဲ့ မြန်စစ်တပ်ကို အမေရိကန်ပြည်ထောင်စုက တခြားသော ပံ့ပိုးကူညီမှုပုံစံ- နိုင်ငံရေး၊ ငွေကြေး ဒါမှမဟုတ် တခြားနည်းနဲ့ ပံ့ပိုးမပေးရန် ကျွန်ုပ်တို့ မေတ္တာရပ်ခံပါတယ်လို့ဖော်ပြထားတယ်။

Zalen ad

အမေရိကန်ပြည်ထောင်စု က ဒီမိုကရေးစီရေးနှင့် မြန်မာပြည်သူတွေနဲ့ ရပ်တည်ကြောင်း အမြဲပြောခဲ့သဖြင့်ဒီမိုကရေးစီရေးနှင့် မြန်မာပြည်သူတွေနဲ့အတူရပ်တည်ကြောင်းပြသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စု က ဦးဆောင်ကျင်းပမည့် အစည်းအဝေးတွင် ရာဇ၀တ်စစ်ခေါင်းဆောင်များကို ဖယ်ထုတ်ရန် တောင်းဆိုခြင်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ဒေသမှာ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပ

ဇန်နဝါရီ ၁၄၊ ၂၀၂၆။ Zalen စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသမှာ နာဂတိုင်းရင်းသားရိုးရာ နှစ်သစ်ပွဲတော် ကို ယနေ့ဇန်နဝါရီလ ၁၄ ရက်နေ့ကစတင်ကျင်းပခဲ့တယ် ဒေသသတင်းများအရသိရပါတယ်။ ယ‌ေန့ဇန်နဝါရီလ ၁၄ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသလေရှီးမြို့ မှာ နှစ်စဉ်ကျင်းပနေတဲ့ နာဂတိုင်းရင်းသားရိုးရာ ...

ဆက်ဖတ်ရန်