အိန္ဒိယနယ်စပ်မှာ CNA တပ်က သိန်း ၈၀ ဝန်းကျင်တန်ဖိုးရှိတဲ့ ဘိန်းဖြူဖမ်းမိ

အိန္ဒိယနယ်စပ် ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ CNA တပ်က ခရီးသွားလာသူနှစ်ဦးထံကနေ ကာလတန်ဖိုး သိန်း ၈၀ ဝန်းကျင်တန်ဖိုးရှိတဲ့ ဘိန်းဖြူကို ဇန်နဝါရီ ၂၄ ရက်က ဖမ်းဆီးရမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ဘိန်းဖြူသယ်ဆောင်တဲ့လူတွေဟာ တီးတိန်မြို့နယ် Bukphir ကျေးရွာကလူငယ်နှစ်ဦးဖြစ်ပြီး ၎င်းတို့ပိုင်မဟုတ်ဘဲ ကယ်ရီသယ်ဆောင်ပေးတာလို့ထွက်ဆိုကြပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး CNA တပ်က ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “မူးယစ်ဆေးဝါးသယ်ဆောင်တဲ့လူငယ် ၂ ယောက်ကိုခေတ္တထိန်းသိမ်းထားတယ်။ စစ်ဆေးမေးမြန်းပြီးရင် ပြန်လွတ်မှာပါ။ သူတို့က မီဇိုရမ်ပြည်နယ် ကျန်ဖိုင်မြို့က တစ်ယောက်အတွက် မြန်မာပြည်ကနေ သယ်ဆောင်ပေးတာလို့ပြောကြတယ်” လို့ဆိုပါတယ်။

လူငယ်နှစ်ယောက်နဲ့အတူ မူးယစ်ဆေးဝါးထည့်ထားတဲ့ ဆပ်ပြာဗူးပုံစံ ၁၀ ဗူး၊ မြန်မာငွေ ၅ထောင်တန် ၆ရွက်ကျော်နဲ့ ဖုန်း ၂ လုံးသိမ်းဆည်းခဲ့ပါတယ်။

Zawgyi



ဘိန်းဖြူသယ်ဆောင်တဲ့လူတွေဟာ တီးတိန်မြို့နယ် Bukphir ကျေးရွာကလူငယ်နှစ်ဦးဖြစ်ပြီး ၄င်းတို့ပိုင်မဟုတ်ဘဲ ကယ်ရီသယ်ဆောင်ပေးတာလို့ထွက်ဆိုကြပါတယ်။



နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်