အိန္ဒိယနိုင်ငံတွင် CDM ရဲတစ်ယောက်ကွယ်လွန်

ချင်းပြည်နယ်၊ ဖလမ်းမြို့ မြို့မရဲစခန်းကနေ CDM ပြုလုပ်တာကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ၊ ကျန်ဖိုင်းမြို့သို့ ရောက်ရှိနေတဲ့ ရဲတပ်သား ဦးဗာလ်နွန်ထန် (၃ဝနှစ်)ဟာ အောက်တိုဘာ ၂၈ ရက် မနက် ၄း၃၀ အချိန်တွင် အစာအိမ်ရောဂါနဲ့ ကွယ်လွန်သွားတယ်လို့သတင်းရရှိပါတယ်။

ကျန်ဖိုင်းမြို့ ဆေးရုံတွင် တစ်ပတ်ကြာဆေးကုသပေမယ့်ဆုံးသွားတာဖြစ်တယ်။ ၄င်းတွင် ဇနီးဒေါ်ဗန်နှဲမ်ကီးလ်နဲ့ ကလေး ၂ ယောက်ကျန်ရစ်ခဲ့ပါတယ်။

အလောင်းကို ချင်းလူငယ်များအဖွဲ့အစည်း – ကျန်ဖိုင်းနဲ့ YMA –Champhai တို့ကပြုစုကြပြီး နိုးကြားသောနှစ်ခြင်းအသင်းတော်က မနေ့ မနက်ပိုင်းက မြေမြုပ်သဂြိုလ်ပေးပါတယ်။

Zawgyi

အိႏၵိယနိုင္ငံတြင္ CDM ရဲတစ္ေယာက္ကြယ္လြန္

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕ ၿမိဳ႕မရဲစခန္းကေန CDM ျပဳလုပ္တာေၾကာင့္ အိႏၵိယနိုင္ငံ၊ မီဇိုရမ္ျပည္နယ္ ၊ က်န္ဖိုင္းၿမိဳ႕သို႔ ေရာက္ရွိေနတဲ့ ရဲတပ္သား ဦးဗာလ္ႏြန္ထန္ (၃ဝႏွစ္)ဟာ ေအာက္တိုဘာ ၂၈ ရက္ မနက္ ၄း၃၀ အခ်ိန္တြင္ အစာအိမ္ေရာဂါနဲ႔ ကြယ္လြန္သြားတယ္လို႔သတင္းရရွိပါတယ္။

က်န္ဖိုင္းၿမိဳ႕ ေဆး႐ုံတြင္ တစ္ပတ္ၾကာေဆးကုသေပမယ့္ဆုံးသြားတာျဖစ္တယ္။ ၄င္းတြင္ ဇနီးေဒၚဗန္ႏွဲမ္ကီးလ္နဲ႔ ကေလး ၂ ေယာက္က်န္ရစ္ခဲ့ပါတယ္။

အေလာင္းကို ခ်င္းလူငယ္မ်ားအဖြဲ႕အစည္း – က်န္ဖိုင္းနဲ႔ YMA –Champhai တို႔ကျပဳစုၾကၿပီး နိုးၾကားေသာႏွစ္ျခင္းအသင္းေတာ္က မေန႔ မနက္ပိုင္းက ေျမျမဳပ္သၿဂိဳလ္ေပးပါတယ္။

နောက်ဆုံးရသတင်းများ