အိန္ဒိယနိုင်ငံ အင်ဖာလေဆိပ်တွင် နိုင်ငံသားကဒ်အတုကိုင်ဆောင်တဲ့ မြန်မာနိုင်ငံသား ၁၄ ဦးဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ် အင်ဖာလေဆိပ်တွင် စက်တင်ဘာ ၃၀ ရက်က ဒေလီမြို့သို့ပျံသန်းမယ့် Indigo လေယာဉ်အမှတ် 6E-2209 တွင် အိန္ဒိယနိုင်ငံသားကဒ်အတုကိုင်ဆောင်တဲ့ မြန်မာနိုင်ငံသား ၁၄ ဦးကို ဖမ်းဆီးထားတယ်လို့ ဒေသသတင်းစာတွေကဖောြ်ပထားပါတယ်။

အင်ဖာမြို့ Bir Tikendrajit အပြည်ပြည်ဆိုင်ရာလေဆိပ် လုံခြုံရေးဝန်ထမ်းတွေက နိုင်ငံသားကဒ် (အာဒါရ်ကဒ်)အတုနဲ့ ဝင်လာတဲ့မြန်မာနိုင်ငံသား ၁၄ ဦးကိုဖမ်းဆီးပြီး ဆင်ဂျာမီရဲစခန်းသို့လွှဲပြောင်းကြပါတယ်။

ယင်းမြန်မာနိုင်ငံသားတွေဟာ ချင်းပြည်နယ် တီးတိန်မြို့နယ်နဲ့ တွန်းဇံမြို့နယ်က အသက် ၁၆ နှစ်မှ ၃၅ နှစ်ကြားလူငယ်တွေဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ အာသံပြည်နယ် ဂိုဟာသီးမြို့မှာ မြန်မာနိုင်ငံသား ၂၆ ယောက်ကို အိန္ဒိယနိုင်ငံသားကဒ်အတုနဲ့ မဲပေးခွင့်ကဒ်အတုကိုင်ဆောင်မှုနဲ့ စက်တင်ဘာလ ၁၂ ရက်ကဖမ်းဆီးခံခဲ့ကြပါတယ်။ ယင်းသတင်းအပြည့်အစုံဖတ်ရှုလိုပါက https://bit.ly/39UHNhO

Zawgyi

အိႏိၵယႏိုင္ငံ အင္ဖာေလဆိပ္တြင္ ႏိုင္ငံသားကဒ္အတုကိုင္ေဆာင္တဲ့ ျမန္မာႏိုင္ငံသား ၁၄ ဦးဖမ္းဆီးခံရ

အိႏိၵယႏိုင္ငံ၊ မဏီပူရ္ျပည္နယ္ အင္ဖာေလဆိပ္တြင္ စက္တင္ဘာ ၃၀ ရက္က ေဒလီၿမိဳ႕သို႔ပ်ံသန္းမယ့္ Indigo ေလယာဥ္အမွတ္ 6E-2209 တြင္ အိႏိၵယႏိုင္ငံသားကဒ္အတုကိုင္ေဆာင္တဲ့ ျမန္မာႏိုင္ငံသား ၁၄ ဦးကို ဖမ္းဆီးထားတယ္လုိ႔ ေဒသသတင္းစာေတြကေဖာျ္ပထားပါတယ္။

အင္ဖာၿမိဳ႕ Bir Tikendrajit အျပည္ျပည္ဆိုင္ရာေလဆိပ္ လံုျခံဳေရးဝန္ထမ္းေတြက ႏိုင္ငံသားကဒ္ (အာဒါရ္ကဒ္)အတုနဲ႔ ဝင္လာတဲ့ျမန္မာႏိုင္ငံသား ၁၄ ဦးကိုဖမ္းဆီးၿပီး ဆင္ဂ်ာမီရဲစခန္းသို႔လႊဲေျပာင္းၾကပါတယ္။

ယင္းျမန္မာႏိုင္ငံသားေတြဟာ ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕နယ္နဲ႔ တြန္းဇံၿမိဳ႕နယ္က အသက္ ၁၆ ႏွစ္မွ ၃၅ ႏွစ္ၾကားလူငယ္ေတြျဖစ္ပါတယ္။

အိႏိၵယႏိုင္ငံ အာသံျပည္နယ္ ဂိုဟာသီးၿမိဳ႕မွာ ျမန္မာႏိုင္ငံသား ၂၆ ေယာက္ကို အိႏိၵယႏိုင္ငံသားကဒ္အတုနဲ႔ မဲေပးခြင့္ကဒ္အတုကိုင္ေဆာင္မႈနဲ႔ စက္တင္ဘာလ ၁၂ ရက္ကဖမ္းဆီးခံခဲ့ၾကပါတယ္။

ယင္းသတင္းအျပည့္အစံုဖတ္ရႈလိုပါက https://bit.ly/39UHNhO

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်