အိန္ဒိယ-မြန်မာ နယ်စပ်ချောင်းတလျှောက် ကျေးရွာ ၂၁ ရွာတွင် မြန်မာစစ်ဘေးရှောင် ၂၆၀၀ ကျော်ရှိ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြန်မာနယ်စပ်ချောင်းတလျှောက်မှာရှိတဲ့ ကျေးရွာ ၂၁ ရွာ စက်တင်ဘာ ၂၃ ရက်အထိ မြန်မာစစ်ဘေးရှောင် ၂၆၁၆ ယောက်ရှိတယ်လို့သတင်းရရှိပါတယ်။

ယင်းကျေးရွာတွေမှာ အရင်က စစ်ဘေးရှောင် ၁၄၄၁ ယောက်ရှိပြီး ထန်တလန်မြို့နယ်နဲ့ ဖလမ်းမြို့နယ် စတောမ်ကျေးရွာမှာပစ်ခတ်ကြတာကြောင့် ၈၅၉ ယောက်ထပ်မံရောက်ရှိလာပြီး စက်တင်ဘာ ၂၃ ရက်က ဖလမ်းမြို့နယ် စတောမ်ကျေးရွာဘက်က ၃၀၀ ကျော်ထပ်မံရောက်ရှိလာပါတယ်။

ကျန်ဖိုင်ခရိုင်မှာရှိတဲ့ ဗဖိုင်ကျေးရွာက မြန်မာစစ်ဘေးရှောင် ၅၀၀ ကျော်အတွက် ကျန်ဖိုင်မြို့အခြေစိုက် ချင်းစစ်ဘေးရှောင်ကူညီရေးအဖွဲ့က မိုးကာတွေကူညီလှူဒါန်းကြပါတယ်။

အသစ်ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေ ချောင်းမှာ ကိုဗစ် ပိုးရှိ၊ မရှိအရင်စစ်ဆေးပြီး ပိုးမတွေ့တဲ့ပြည်သူတွေကို ရွာမှာ သီးသန့် ၂ ပတ်ထားပါတယ်။ ၂ ပတ်ကြာပြီးနောက် ကိုဗစ်ရောဂါပိုးရှိ၊ မရှိ ထပ်မံစစ်ဆေးကာ ရောဂါကင်းရှင်းတဲ့သူတွေကို ရွာထဲမှာ အိမ်တွေငှားရမ်းနေထိုင်စေပါတယ်။

သက်ဆိုင်ရာကျေးရွာနဲ့ အဖွဲ့အစည်းတွေက စစ်ဘေးရှောင်တွေ စားသောက်နေရေးအတွက် စီစဉ်ပေးပြီး အိမ်ငှားခကိုတော့ ၄င်းတို့ဘာသာ နေ့စားအလုပ်တွေလုပ်ကာ ပေးကြပါတယ်။

Zawgyi

အိႏိၵယ-ျမန္မာ နယ္စပ္ေခ်ာင္းတေလွ်ာက္ ေက်းရြာ ၂၁ ရြာတြင္ ျမန္မာစစ္ေဘးေရွာင္ ၂၆၀၀ ေက်ာ္ရွိ

အိႏိၵယႏိုင္ငံ မီဇိုရမ္ျပည္နယ္က ျမန္မာနယ္စပ္ေခ်ာင္းတေလွ်ာက္မွာရွိတဲ့ ေက်းရြာ ၂၁ ရြာ စက္တင္ဘာ ၂၃ ရက္အထိ ျမန္မာစစ္ေဘးေရွာင္ ၂၆၁၆ ေယာက္ရွိတယ္လို႔သတင္းရရွိပါတယ္။

ယင္းေက်းရြာေတြမွာ အရင္က စစ္ေဘးေရွာင္ ၁၄၄၁ ေယာက္ရွိၿပီး ထန္တလန္ၿမိဳ႕နယ္နဲ႔ ဖလမ္းၿမိဳ႕နယ္ စေတာမ္ေက်းရြာမွာပစ္ခတ္ၾကတာေၾကာင့္ ၈၅၉ ေယာက္ထပ္မံေရာက္ရွိလာၿပီး စက္တင္ဘာ ၂၃ ရက္က ဖလမ္းၿမိဳ႕နယ္ စေတာမ္ေက်းရြာဘက္က ၃၀၀ ေက်ာ္ထပ္မံေရာက္ရွိလာပါတယ္။

က်န္ဖိုင္ခရိုင္မွာရွိတဲ့ ဗဖိုင္ေက်းရြာက ျမန္မာစစ္ေဘးေရွာင္ ၅၀၀ ေက်ာ္အတြက္ က်န္ဖုိင္ၿမိဳ႕အေျခစိုက္ ခ်င္းစစ္ေဘးေရွာင္ကူညီေရးအဖြဲ႔က မိုးကာေတြကူညီလွဴဒါန္းၾကပါတယ္။

အသစ္ေရာက္ရွိလာတဲ့ စစ္ေဘးေရွာင္ေတြ ေခ်ာင္းမွာ ကိုဗစ္ ပိုးရွိ၊ မရွိအရင္စစ္ေဆးၿပီး ပိုးမေတြ႔တဲ့ျပည္သူေတြကို ရြာမွာ သီးသန္႔ ၂ ပတ္ထားပါတယ္။ ၂ ပတ္ၾကာၿပီးေနာက္ ကိုဗစ္ေရာဂါပိုးရွိ၊ မရွိ ထပ္မံစစ္ေဆးကာ ေရာဂါကင္းရွင္းတဲ့သူေတြကို ရြာထဲမွာ အိမ္ေတြငွားရမ္းေနထုိင္ေစပါတယ္။

သက္ဆုိင္ရာေက်းရြာနဲ႔ အဖြဲ႔အစည္းေတြက စစ္ေဘးေရွာင္ေတြ စားေသာက္ေနေရးအတြက္ စီစဥ္ေပးၿပီး အိမ္ငွားခကိုေတာ့ ၄င္းတို႔ဘာသာ ေန႔စားအလုပ္ေတြလုပ္ကာ ေပးၾကပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်