အိန္ဒိယ သန်ခေါင်စာရင်းမှာ မြန်မာစစ်ရှောင်များကိုလည်းထည့်သွင်းရေတွက်မယ်

ဧပြီလ ၁၆၊ ၂၀၂၆

Zalen

လက်ရှိကောက်ယူနေတဲ့ အိန္ဒိယ သန်ခေါင်စာရင်းမှာ အိမ်နီးချင်း မြန်မာနိုင်ငံမှ ပဋိပက္ခကြောင့် အိန္ဒိယနိုင်ငံ အတွင်း ဝင်ရောက်ခိုလှုံကြတဲ့ စစ်ရှောင်များကိုပါ ထည့်သွင်းရေတွက်သွားမယ်လို့သိရပါတယ်။

မီဇိုရမ်ပြည်နယ် သန်ခေါင်စာရင်း မှာလည်း အိမ်နီးချင်း ပြည်နယ် မဏိပူရ် နဲ့ မြန်မာနိုင်ငံဘက်ကနေ စစ်ရှောင်လာ သူများကို ထည့်သွင်းရေတွက်သွားမှာဖြစ်ကြောင်း မီဇိုရမ်ပြည်နယ်၊ သန်ခေါင်စာရင်းဆိုင်ရာ အရာရှိများက ဒေသတွင်းသတင်းထောက်များထံပြောကြားထားပါတယ်။

Zalen ad

“သန်ခေါင်စာရင်းကောက်ယူမှုဟာ အိန္ဒိယနိုင်ငံသားဖြစ်မှုကို မထိခိုက်ပါဘူး။ ဒါဟာ နိုင်ငံရဲ့လူဦးရေစာရင်း ကောက်ယူမှုတစ်ခုဖြစ်ပြီး စစ်ရှောင်စခန်းတွေမှာနေထိုင်သူတွေအပါအဝင် အမြဲတမ်းနေထိုင်သူအားလုံးကို ရေတွက်သွားမှာပါ။ အိန္ဒိယမှာနေပြီး ကျွန်တော်တို့နည်းတူ ရေ၊ လျှပ်စစ်နဲ့ အခြားဝန်ဆောင်မှုတွေကို မျှဝေသုံးစွဲကြတဲ့အတွက် သူတို့ကိုပါထည့်ရေတွက်သင့်ပါတယ်။” လို့ အိုင်ဇောလ်မြို့၊ မီဒီယာ များနဲ့တွေ့ဆုံစဉ် တာဝန်ရှိသူများကပြောကြားထားပါတယ်။

သန်ခေါင်စာရင်းကောက်ယူသူများအနေဖြင့် ပြည်သူများရဲ့ ဝိသေသလက္ခဏာများကို လျှို့ဝှက်ထားမှာဖြစ်ပြီး ကိန်းဂဏန်းများကိုသာ ရေတွက်သွားမယ်လို့သိရပါတယ်။

မီဇိုရမ်ပြည်နယ် သတင်းစာပြန်ကြားရေးဗျူရို (PIB)၊ သန်ခေါင်စာရင်းလုပ်ငန်းများ ညွှန်ကြားရေးမှူးရုံးနဲ့ မီဇိုရမ်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဌာန အရာရှိ Vinod P Kavle, IAS က လက်ရှိ ပြည်နယ် ၁၅ ခုမှာ ဆောင်ရွက်နေတဲ့ မိမိကိုယ်ကိုယ်မှတ်ပုံတင်ခြင်း မှာ မီဇိုရမ်ပြည်သူ ၁၀၄၀၀ မှတ်ပုံတင်ထားပြီဖြစ်ကာ အခြား ပြည်နယ် ၁၅ ခုအနက် အများဆုံးဖြစ်တယ်လို့ဆိုပါတယ်။

မိမိကိုယ်ကိုမှတ်ပုံတင်ခြင်းဟာ လာမယ့်သောကြာနေ့မှာကုန်ဆုံးသွားမှာဖြစ်ပြီး ဧပြီလ ၁၇ ရက်နေ့ကနေစပြီး တာဝန်ရှိသူများက အိမ်တိုင်းမှာ သန်ခေါင်စာရင်းလိုက်လံကောက်ခံသွားမယ်လို့သိရပြီး ၂၀၂၇ ခုနှစ် ၊ ဖေဖော်ဝါရီ လမှာ သန်ခေါင်စာရင်းပြန်လည်ကောက်ခံသွားမယ်လို့သိရပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်