အိန္ဒိယအကူအညီနဲ့တည်ဆောက်မယ့် တမူး-ကလေးကြား ပထမဆုံး တံတားမန္နက်ရိုက်

အိန္ဒိယအကူအညီနဲ့တည်ဆောက်မယ့် တမူး-ကလေးတံတား(၆၉)စင်းအနက် ပထမဆုံးတံတားကို ဒီနေ့ တံတားမန္နက်ရိုက်အခမ်းအနားပြုလုပ်ကြပါတယ်။

ယင်းတံတားဟာ အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ တမူး နဲ့မိုးရေးကြားက မဟူရာချောင်းပေါ်မှာတည်ဆောက်ထားတာပါ။

တမူး-မိုးရေးကြားက မဟူရာချောင်းပေါ်မှာတည်ဆောက်မယ့် တံတားပုံစံ(ဓာတ်ပုံ-Myint Naing Oo)

Zalen ad

တံတားကို အိန္ဒိယကုမ္မဏီက နှစ်လမ်းသွားနဲ့တည်ဆောက်မှာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာပြီးစီးသွားပါမယ်။ တံတားအားလုံးဟာ သုံးနှစ်အတွင်းအပြီးတည်ဆောက်ရမှာဖြစ်ပြီး အိန္ဒိယ ရူပီး(၂၉၄)သန်း မြန်မာငွေနဲ့ ကျပ်သိန်း(၇၃၅၀)ကုန်ကျမှာဖြစ်ပါတယ်။

တမူး-ကလေးကြားတံတားအများစုဟာ စစ်ကျန်တံတားတွေဖြစ်ပြီး တံတားကျဉ်းတာကြောင့် ခရီးသွားလာရေးနဲ့ကုည်စည်ပို့ဆောင်ရေးမှာအချိန်ကြန့်ကြာစေပါတယ်။

 

နောက်ဆုံးရသတင်းများ

ကတုတ်ကျင်းထဲက ပျောက်ဆုံးနေတဲ့အနာဂတ်များ

စာရေးသူ- ပီအောင် ” ကလေးက နှနှစ်ပဲရှိသေးတယ်။ လေယာဉ်သံကြားရင် ကျွန်မဆီပြေးလာတယ်။ ကတုတ်ကျင်းထဲ ၀င်ရင်လည်း သူ့ဟာသူ နားပိတ်တတ်လာတယ်။ ကလေးကိုကြည့်ပြီးကျွန်မ အရမ်းပဲသောကရောက်ရတယ်” မြန်မာနိုင်ငံရဲ့ လက်ရှိပဋိပက္ခဒေသ တွေမှာနေထိုင်ကြရတဲ့ ကလေးငယ် တွေအတွက် “ကတုတ်ကျင်း” ဆိုတဲ့ ...

ဆက်ဖတ်ရန်