အိန္ဒိယအကူအညီနဲ့တည်ဆောက်မယ့် တမူး-ကလေးကြား ပထမဆုံး တံတားမန္နက်ရိုက်

အိန္ဒိယအကူအညီနဲ့တည်ဆောက်မယ့် တမူး-ကလေးတံတား(၆၉)စင်းအနက် ပထမဆုံးတံတားကို ဒီနေ့ တံတားမန္နက်ရိုက်အခမ်းအနားပြုလုပ်ကြပါတယ်။

ယင်းတံတားဟာ အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ တမူး နဲ့မိုးရေးကြားက မဟူရာချောင်းပေါ်မှာတည်ဆောက်ထားတာပါ။

တမူး-မိုးရေးကြားက မဟူရာချောင်းပေါ်မှာတည်ဆောက်မယ့် တံတားပုံစံ(ဓာတ်ပုံ-Myint Naing Oo)

တံတားကို အိန္ဒိယကုမ္မဏီက နှစ်လမ်းသွားနဲ့တည်ဆောက်မှာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာပြီးစီးသွားပါမယ်။ တံတားအားလုံးဟာ သုံးနှစ်အတွင်းအပြီးတည်ဆောက်ရမှာဖြစ်ပြီး အိန္ဒိယ ရူပီး(၂၉၄)သန်း မြန်မာငွေနဲ့ ကျပ်သိန်း(၇၃၅၀)ကုန်ကျမှာဖြစ်ပါတယ်။

တမူး-ကလေးကြားတံတားအများစုဟာ စစ်ကျန်တံတားတွေဖြစ်ပြီး တံတားကျဉ်းတာကြောင့် ခရီးသွားလာရေးနဲ့ကုည်စည်ပို့ဆောင်ရေးမှာအချိန်ကြန့်ကြာစေပါတယ်။

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်