ဧဝံဂေလိတရားဟောဆရာကို ပထမအကြိမ် ရုံးထုတ်စစ်ဆေးမယ်

ဧဝံဂေလိတရားဟောဆရာကို ပထမအကြိမ် ရုံးထုတ်စစ်ဆေးမယ်

သက်ငယ်မုဒိမ်းမှုနဲ့တရားဆွဲထားသော ဧဝံဂေလိတရားဟောဆရာကို ဇူလိုင် (၅)ရက်နေ့တွင် ပထမအကြိမ် ကလေးခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးမယ်လို့သတင်းရရှိပါတယ်။

ကလေးမြို့ ကြို့သုံးပင်ရပ်ကွက် နယ်မြေ (၉)တွင်နေထိုင်တဲ့ ဧဝံဂေလိတရားဟောဆရာ ဦးဆွမ်ဇမုန် (၄၅ နှစ်)ကို အသက် (၁၁)အရွယ်မိန်းကလေး အဓမ္မပြုကျင့်မှုနဲ့ ဇွန်လ (၁၆)ရက်တွင် ကလေးခရိုင်တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၃၇၆ (မုဒိမ်းမှု) နဲ့ တရားစွဲဆိုထားပါတယ်။

ဒါ့ပြင် အသက် (၁၁)အရွယ် မိုင်….. ရဲ့ အမ အသက် ၁၃ နှစ် မိုင်…. ကိုလည်း ဆရာဝန်တွေက ဆေးစစ်ထားပါတယ်။

Zalen ad

မိန်းကလေးနှစ်ယောက်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်ငိုင်ရှန်ကျိမ်က “နောက်ပတ်သောကြာနေ့ရုံးချိန်းရှိတယ်ဆိုလို့ စာရေးမတစ်ယောက်ဆီကနေ တစ်ဆင့်ကြားရတယ်။ တရားဝင်အကြောင်းကြားတာမရှိသေးဘူး။ ကျမတို့ကို အမျိုးသမီးရေးရာအဖွဲ့က ကူညီမယ်လို့ပြောတယ်။ တခြား ဘယ်သူ့ဆီကနေမှ အကူအညီမရသေးပါဘူး။ ဒါပေမယ့် သူတို့ဆီက နောက်ထပ်ဖုန်းမလာတော့ဘူး။ ဒီကိစ္စကို ဘယ်လိုလုပ်မလဲ၊ ဘယ်သူနဲ့တိုင်ပင်မလဲ၊ ဘယ်သူ့ဆီမှာသွားရမလဲဆိုတာ မသိဘူး။ ဘာမှနားမလည်ဘူး” လို့ပြောပါတယ်။

အခုချိန်မှာ မိန်းကလေးနှစ်ယောက်ဟာ ကျောင်းတက်နေပြီး သူငယ်ချင်းတွေရဲ့ စနောက်တာခံရလို့ နှစ်ရက်လောက် ကျောင်းမတက်ရဲကြဘူးလို့သိရပါတယ်။ ၎င်းတို့နှစ်ယောက်ဟာ အခု စနစ်သစ် ၆ တန်း နဲ့ စနစ်ဟောင်း ၆ တန်းတက်နေကြပါတယ်။

ဒေါ်ငိုင်ရှန်ကျိမ်က “အမှုဖြစ်ပြီးတော့ ကျောင်းသွားတက်တဲ့ခါမှာ သူတို့သူငယ်ချင်းတွေက ဗိုက်ကြီးသလားလို့စနောက်ကြတာကြောင့် နှစ်ရက်တော့ကျောင်းမသွားကြဘူး။ ရပ်ကွက်ဥက္ကဌဆီမှာပြောတော့ သူက အတန်းပိုင်နဲ့ ဆရာမကြီးဆီမှာဒီလိုကိစ္စက စနောက်စရာမဟုတ်ဘူးလို့ သွားပြောတဲ့နောက်ပိုင်းတော့ အဲ့လိုမျိုးစနောက်တာမခံကြတော့ဘူး” လို့ပြောပါတယ်။

ဒေါ်ဟုန်ခန့်ဟွဲမှ မြေးတော်သူအား လိမ္မာရေးခြားရှိစေရန်နဲ့ အန္တရာယ်ကင်းစေရန်အတွက် ဧဝံဂေလိ တရားဟောဆရာထံ ဖုန်းဖြင့် ဆက်သွယ်၍မြေးတော်သူအား အပ်နှံပေးလိုက်ရာ ဧဝံဂေလိတရားဟောဆရာက မိုင်…. (၁၁ နှစ်) ကို ဆိုင်ကယ်ဖြင့် တော်ဖီလာရပ်ကွက် အသင်းတော်၏ ဆုတောင်းဆောင်သို့ခေါ်ဆောင်သွားကာ သားမယားအဖြစ်ပြုကျင့်ခဲ့ပါတယ်။ ဘုရားသခင်ရဲ့ ခိုင်းစေချက်အရပြုလုပ်ခြင်းဖြစ်သဖြင့် မည်သူမျှ ပြန်မပြောရန် ပြောကြားပြီး နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်ပို့ခဲ့တယ်။ မိုင်….ဟာ အဘွားဖြစ်သူနဲ့ မပြေလည်သဖြင့် ကြို့သုံးပင်ရပ်ကွက် နယ်မြေ (၆)ရှိ အဒေါ်ဖြစ်သူနေအိမ်သို့သွားရောက်ရာ ၎င်းကဖြစ်စဉ်အားလုံးကိုပြောပြပါတယ်လို့ ရဲမှတ်တမ်းအရသိရပါတယ်။

ဧဝံဂေလိတရားဟောဆရာ ဦးဆွမ်ဇမုန်မှာ ဇနီးနဲ့သားသမီးတွေရှိပြီး ၎င်းရဲ့ကလေးတွေလည်း အရွယ်ရောက်နေကြပါပြီ။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်